Synopsis of Sultan Of Delhi (2023)Sultan of Delhi 2023 (သို့) ဒေလီစော်ဘွားများIMDb 6/10Disney+Hotstar ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့စီးရီးကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ပုရိသတို့အသည်းစွဲ မင်းသမီးချောလေး Mouni Roy ပါဝင်ထားပြီးArnab Roy ရေးသားထားတဲ့ ” Sultan of Delhi : Ascension” ဆိုတဲ့စာအုပ်ပေါ် အခြေခံရိုက်ကူးတင်ဆက်ထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အရေးအခင်းဖြစ်ပြီး သတ်ကြဖြတ်ကြဖြစ်နေချိန်မှာ သားဖြစ်သူကဗျောက်အိုးလိုချင်တယ်ဆိုလို့သားဖနှစ်ယောက် အပြင်ထွက်ကြတုန်းမှာ သူတို့အိမ်ဝင်အစီးခံရပြီး ရှိသမျှမိသားစုဝင်တွေအကုန်အသတ်ခံလိုက်ရတယ်။အဲဒီမှာပဲ သားဖနှစ်ယောက် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မီးရထားစီးပြီး မြို့တစ်ခုဆီကိုထွက်လာခဲ့ကြတယ်။သားဖြစ်သူက အာရ်ဂျွန်။အာရ်ဂျွန်က ကလေးကတည်းကမဟုတ်မခံစိတ်ရှိပြီး ရည်မှန်းချက်ကြီးတဲ့သူ၊အရွယ်ရောက်လာချိန်မှာတော့ ဒေလီမြို့ကြီးဆီပြောင်းရွှေ့ပြီး အာဏာပါဝါတွေနောက်လိုက်ရင်းဒေလီရဲ့ အာဏာရှိသူတစ်ဦးဖြစ်ဖို့ကြိုးစားပုံကို ၁၉၆၀နောက်ပိုင်းအချိန်ကို အခြေခံထားပြီးတင်ဆက်ထားပုံကို အရသာရှိရှိတွေ့မြင်ခံစားကြရမှာပါ။