Karen Pirie FHD

Karen Pirie

Crime FHD 2022

Karen Pirie (2022)==============Crime, Drama ဇာတ်လမ်းကောင်း ကြိုက်တဲ့သူတွေအတွက် RottenTomatoes 91%, IMDb 7.6/10 ရရှိထားတဲ့ စုံထောက်ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အခု Season 1 မှာတော့ အပိုင်း ၃ပိုင်း တည်းပါဝင်တာမို့ အပိုင်းအများကြီး ကြည့်ရမှာ ပျင်းတဲ့သူတွေအတွက်လည်းအဆင်ပြေမှာပါ။ ဇာတ်အိမ်ခိုင်မာပြီး ကြည့်နေကြ Hollywood productionတွေက မဟုတ်ဘဲ UK ကမို့လို့ မတူညီတဲ့ရသကို ခံစားနိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကယ်ရန်ပီရီဟာ ရာဇဝတ်မှုဌာနသို့ ရာထူးတိုးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က တရားခံ မပေါ်ခဲ့တဲ့ လူသတ်မှုဟောင်းတစ်ခုကို ပြန်လည်စုံစမ်းဖို့ရာ ဖြစ်လာပါတယ်။ အဆိုပါအမှုကတော့ ရိုစီဒက်ဖ်ဆိုတဲ့ မိန်းကလေး အသတ်ခံရမှုပါ။ ရိုစီအသတ်ခံရတဲ့ညမှာ အဲလက်စ်၊တွမ်နဲ့ ဇစ်ကီဆိုတဲ့ ကျောင်းသားလေး သုံးယောက်ဟာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ရိုစီ့ကို တွေ့ခဲ့ပြီး ရဲတွေကိုအကူအညီတောင်းခဲ့ပါတယ်။ မျက်မြင်သက်သေ သုံးယောက်ကို ရဲတွေက ခေါ်ယူမေးမြန်းခဲ့ပြီး ခိုင်မာတဲ့ သက်သေမတွေ့တာမို့ ပြန်လွှတ်ပေးလိုက်ရပါတယ်။ ၂၆ နှစ်အကြာမှာ ကယ်ရန်တစ်ယောက်ပြန်စုံစမ်းရင်း ဘာတွေတွေ့လာရမလဲ၊ ကျောင်းသား သုံးယောက်ကတော့ ဘဝတွေ ကိုယ်စီမှာလျှောက်လမ်းရင်း ဒီအမှုကြောင့် ဘာတွေ သက်ရောက်မှုရှိမလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက် ခံစားလိုက်ပါဦး။

အပိုင်းများ

Season 1

Season 2