ဇာတ်လမ်းအကျဉ်းအဖေရော အမေရောက ကုမ္ပဏီပိုင်ရှင်တဦးဖြစ်ပြီးကိုယ်ကိုတိုင်ကလဲ ဗိသုကာပညာရှင်မလေးဖြစ်တဲ့လူနာဟာ တနေ့ကုမ္ပဏီအစည်းအဝေးမှာသူမကြားချင်တဲ့ သတင်းတခုကြားသိလိုက်ရပါတယ်သတင်းကတော့ ကျောင်းတုန်းက သူရဲ့ချစ်လှစွာသောခရက်ရှ်ကြီးက သူ့ကုမ္ပဏီမှာ ရှေ့နေလာလုပ်မှာကြောင့်ပါပဲ…သူ့အဖေနဲ့အမေကိုခါးခါးသီးသီး အလုပ်မခန့်ဖို တောင်းဆိုခဲ့ပေမဲ့လက်မခံတဲ့အခါ ဘယ်လိုဘယ်ပုံဆက်ပြီးစခန်းဆက်သွားကြမလဲ…သူမနဲ့သူမရဲ့ခရက်ရှ်ကြားဘယ်လိုတင်းမာမှုတွေရှိလဲဆိုတာကိုဇာတ်ကြောင်းပြန် တက္ကသိုလ်ကျောင်းသားဘဝအဖြစ်တပိုင်းပြီးတပိုင်း တင်ဆက်သွားမှာဖြစ်ပြီးဆယ်ကျော်သက်အရွယ် အချစ်ရဲ့ဆွတ်ပျံ့ကြည်နူးရင်ခုန်မှုတွေကို ဖိလစ်ပိုင်သူအချောလေးတွေနဲ့မျက်စိပဒေသာဖြစ်အောင် ကြည့်ရှုရမှာပဲဖြစ်ပါတယ်