ဇာတ်လမ်းအကျဉ်းBelrose တက္ကသိုလ်ကျောင်းသူ လွိုက်စ်တစ်ယောက် ချစ်သူကောင်လေး မက်စ်ဆီကနေ ရက်ရက်စက်စက် လမ်းခွဲခံလိုက်ရပြီး နေစရာပါမရှိတော့ဘဲ ဖုန်းဘက်ထရီကုန်လို့ အကူအညီမဲ့သွားချိန်မှာ ကယ်တင်ရှင်လို ပေါ်လာသူကတော့ ကျောင်းသား ride-share app တစ်ခုဖြစ်တဲ့ "Campus Drivers" ကို တည်ထောင်ထားတဲ့ လိန်းပါပဲ။ဘယ်သူ့ကိုမှ ရင်ဘတ်ထဲ အလွယ်တကူမထည့်တတ်တဲ့ လိန်းက အကူအညီမဲ့နေတဲ့ လွိုက်စ်ကို သူ့တိုက်ခန်းမှာ ယာယီခိုလှုံခွင့်ပေးလိုက်ရာကနေ သူတို့နှစ်ယောက် အတူစတင်နေထိုင်ခဲ့ကြပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ သူတို့ကြားမှာ ရင်ခုန်သံတွေ ပေါက်ဖွားလာပေမယ့် လိန်းရဲ့ တိုက်ခန်းထဲက အမြဲသော့ခတ်ထားတဲ့ အခန်းတစ်ခန်းနဲ့ အတိတ်က အမှောင်ရိပ်တွေက သူတို့ကို ခြောက်လှန့်နေခဲ့ပါတယ်။တောင်တန်းတွေပေါ်က အားလပ်ရက် ခရီးစဉ်တစ်ခုမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေ ပေါက်ကွဲထွက်လာပြီး အနမ်းတွေနဲ့အတူ စတင်ချစ်မိသွားခဲ့ကြပါတယ်။ ဒါပေမဲ့ လိန်းရဲ့ရင်ထဲမှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ရတဲ့ ဒဏ်ရာကြီးက အမြဲတမ်း တားဆီးနေခဲ့ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့နှစ်တွေက မော်တော်ဆိုင်ကယ် မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ သူ့အစ်ကို မိုက်ခ်ရဲ့ သေဆုံးမှုအတွက် သူ့ကိုယ်သူ အပြစ်တင်နေတာပါပဲ။လွိုက်စ်က Campus Drivers ကားလေးနဲ့ လိုက်လာပြီး ဝေါ်ကီတော်ကီကတစ်ဆင့် ငိုသံပါကြီးနဲ့ နှစ်သိမ့်ပေးတဲ့အခါမှာတော့ လိန်းရဲ့ နှလုံးသားကို ပိတ်ဆို့ထားတဲ့ ရေခဲတုံးတွေ အရည်ပျော်ကျသွားပြီး နှစ်ယောက်သား ရင်ချင်းအပ်လို့ အချစ်ကို ဝန်ခံလိုက်ကြပါတယ်။ဒါပေမဲ့ ဘဝက ပုံပြင်တစ်ပုဒ်လို အမြဲ သာယာမနေပါဘူး။ လိန်းရဲ့မိခင်က လိန်းကို လော့စ်အိန်ဂျလိစ်ကို ရုပ်ရှင်အလုပ်နဲ့သွားဖို့ ဖိအားပေးလာခဲ့ပြီး သူသာမသွားရင် လွိုက်စ်ရဲ့ ဆေးပညာသင်ဆုကို ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့... လွိုက်စ်ရဲ့ အနာဂတ်နဲ့ သူတို့နှစ်ယောက် အချစ်ကြားမှာ လိန်းတစ်ယောက် ဘယ်လိုခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို စွန့်စားရွေးချယ်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် Romance Drama ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။