ဇာတ်လမ်းအညွှန်း ခေါင်းမာပြီး ဇွတ်တရွတ်ဆန်တဲ့ကျန်းယွီဟာ မိသားစုရဲ့ဆင်းရဲမွဲတေမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝရဲ့လေးလံလှတဲ့တာဝန်ဝတ္တရားတွေကို ပခုံးထမ်းထမ်းထားရသူပါ။ တစ်ဖက်မှာလည်း ချန်ယန်ကျိုးဆိုတဲ့ကောင်လေးဟာ အစ်ကိုဖြစ်သူကိုဆုံးရှုးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် လူတွေနဲ့ဝေးရာဆီ ထွက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခဲ့ပါတယ်။ကျောင်းရဲ့ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံခဲ့ကြပေမဲ့ ဘဝဒဏ်ရာကိုယ်စီခံစားနေရတဲ့ သူတိုနှစ်ဦးဟာ အချင်းချင်းရဲ့ဘဝထဲမှာ အစားထိုးလိုမရတဲ့အလင်းရောင်လေးတွေ ဖြစ်လာခဲ့ကြပါတယ်။ ဘဝရဲ့ခက်ခဲလှတဲ့မုန်တိုင်းတွေကို အတူတကွရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့ပဲ သူတိုနှစ်ဦးကြားမှာ နက်ရှိင်းလှတဲ့သံယောဇဉ်စက်ဝိုင်းလေး စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။ဒီစီးရီးလေးကိုကြည့်ရင်း နာကျင်စရာဘဝဒဏ်ရာတွေကို ဇာတ်ကောင်တွေနဲ့ အတူတကွကုစားစီးမြောရမှာမို C Drama ဖန်တွေ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲဗျာ။