Special Affairs Team TEN FHD

Special Affairs Team TEN

Crime Mystery FHD 2011

"မဖော်ထုတ်နိုင်တဲ့ အမှုဆိုတာ လုံးဝမရှိစေရဘူး"တရားခံဖမ်းမိနိုင်ခြေ ၁၀ ရာခိုင်နှုန်းတောင် မသေချာတဲ့ တောင်ကိုရီးယားရဲ့ အဆိုးရွားဆုံး၊ အရှုပ်ထွေးဆုံး မှုခင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ "Special Affairs Team TEN" ဆိုတဲ့ အထူးစုံထောက်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတော့တယ်။ ပြစ်ချက်မရှိအောင် ကြံစည်ထားတဲ့ ကွင်းဆက်လူသတ်သမားတွေကို အမိဖမ်းဖို့ကတော့ သူတို့အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ပေါ့။ အဖွဲ့​ခေါင်း​ဆောင်ဖြစ်တဲ့ ယောဂျီဟွန်း (Joo Sang-wook) ကတော့ အတိတ်မှာ ဇနီးဖြစ်သူ အသတ်ခံခဲ့ရပြီး​နောက် နာကျင်မှု​တွေနဲ့အတူ စုံထောက်လောကထဲ ပြန်ခြေချလာတဲ့လူဖြစ်ပြီး ရာဇဝတ်ကောင်တွေရဲ့ အတွေးကို ထွင်းဖောက်မြင်နိုင်လွန်းလို့ သူ့ကို "ဘီလူးတွေကို အမဲလိုက်တဲ့ ဘီလူး" လို့တောင် တင်စားခြင်း ခံရသူပါ။သူ့လက်အောက်မှာတော့ အတွေ့အကြုံရင့်ကျက်ပြီး အကဲခတ်တာ ထက်မြက်လွန်းတဲ့ စုံထောက်ကြီး ဘတ်ဒိုရှစ် (Kim Sang-ho)၊ တရားခံတွေရဲ့ စိတ်ကို ဖတ်ရတာ ကျွမ်းကျင်တဲ့ နမ်ယယ်ရီ (Jo An) နဲ့ အလုပ်ကြမ်းမှန်သမျှ မညည်းမညူ ရုန်းကန်ပေးရှာတဲ့ စုံထောက်ပေါက်စလေး ဘတ်မင်ဟို (Choi Woo-shik) တို့ လက်တွဲပါဝင်လာပါတယ်။မတူညီတဲ့ နောက်ခံနဲ့ စွမ်းရည်ကိုယ်စီရှိတဲ့ သူတို့ ၄ ယောက် ပေါင်းစည်းပြီး ရှုပ်ထွေးနက်နဲတဲ့ လူသတ်မှုတွေကို ဘယ်လိုဉာဏ်ကစားပြီး ဖော်ထုတ်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာမို့ Crime, Mystery နဲ့ Thriller အမျိုးအစား ကြိုက်နှစ်သက်သူတွေ သဘောကျစေမယ့် ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အပိုင်းအနေနဲ့ Season 1 မှာ 9 ပိုင်း/ Season 2 မှာ 12 ပိုင်းပါဝင်ပြီး ဆက်တိုက် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်

အပိုင်းများ

Season 1