Jewel in the Palace FHD

Jewel in the Palace

Drama FHD 2003

တစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ငယ်ငယ်တုန်းက တီဗီမှာ အပြေးအလွှား ကြည့်ခဲ့ရတဲ့ ချန်ဂင်ကားလေး ဖြစ်ပါတယ် ငယ်စဉ်အရွယ်မှာပဲ မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ဂျန်ဂွန်းဟာ အမေဖြစ်သူရဲ့ ဆန္ဒဖြစ်တဲ့ တော်၀င်စားတော်ကဲကြီး ဖြစ်ဖို့အတွက် နည်းလမ်းမျိုးစုံသုံးပြီး နန်းတွင်းထဲကို ၀င်ရောက်လာပါတော့တယ် အဲ့ဒီအခါမှာ သူမအမေရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဟန်ရှန့်ကုန်းနဲ့ တွေ့တဲ့အခါမှာတော့ ဂျန်ဂွန်းဟာ ဟင်းချက်ပညာတွေသင်ယူရင်း စားတော်ကဲကြီးတစ်ယောက် ဖြစ်လာဖို့ ကြိုးစားပါတော့တယ် ငယ်စဉ်ကတည်းက အခက်အခဲတွေပဲ ကြုံတွေ့ခဲ့ရတဲ့ ဂျန်ဂွန်းတစ်ယောက် ကြီးလာတဲ့အခါမှာလည်း ဘယ်လိုအခက်အခဲတွေကို ကြုံရပြီး ဖြတ်ကျော်ရမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုပေးကြပါဦး