အရှေ့ဟန်မင်းဆက် နှောင်းပိုင်းကာလမှာ ဧကရာဇ်ရဲ့သြဇာအာဏာဟာ စတင်ယိမ်းယိုင်လာပြီး နယ်မြေဒေသတွေဟာလည်း စစ်သူကြီးတွေရဲ့လက်ထဲမှာ အပိုင်းစီးခြင်း ခံခဲ့ရပါတယ်။ နန်းတော်ရဲ့ ထိန်းချုပ်မှုဟာလည်း အာဏာကြီးမားလာတဲ့ ဟန်မင်းဆက်ရဲ့ အမတ်ချုပ်ကြီးဖြစ်တဲ့ ချောင်ချောင်းရဲ့ လက်ထဲမှာ ရောက်ရှိနေခဲ့ပါတယ်။ထိုအချိန်မှာ လက်ရှိဧကရာဇ် လျိုရှဲ့ဟာအပြင်းအထန် နာမကျန်းဖြစ်ကာ နတ်ရွာစံသွားသောကြောင့် ဟန်မင်းဆက်မပြိုလဲသွားစေရန် သူ့ရဲ့ အမွှာညီဖြစ်သူ ယန်ဖျင်းတစ်ဖြစ်လဲ လျိုဖျင်းဟာ သူ့အစ်ကိုတော် မင်းကြီးရဲ့နေရာမှာ အစားထိုးဝင်ရောက်ရမယ့်အခြေအနေနဲ့ ကြုံလာရပါတော့တယ်။လျိုဖျင်းဟာ သာမန်ဘဝနဲ့ အသက်ရှင်နေထိုင်ချင်သူဖြစ်ပြီး လောကကြီးရဲ့အရေးကိစ္စတွေကို ဝင်မစွက်ဖက်လိုသူဖြစ်ပါတယ်။သို့သော် ကံကြမ္မာရဲ့လှည့်စားမှုအရ သူဟာ ဧကရာဇ်အဖြစ် နန်းတော်ထဲဝင်ရောက်ရပါတော့တယ်။လျိုဖျင်းဟာ နန်းတော်အတွင်းမှ နိုင်ငံရေးလှည့်ကွက်၊ ပြိုင်ဆိုင်မှု၊ လျှို့ဝှက်ကြံစည်မှုများကြားမှာ အသက်ရှင်တတ်အောင် သင်ယူခဲ့ရပါတော့တယ်။ သူ့ရဲ့ရည်ရွယ်ချက်က ဟန်မင်းဆက်ကို ပြန်လည်ခိုင်မာစေရန်ဖြစ်ပေမယ့် အင်အားကြီးမားတဲ့ ချောင်ချောင်းကို တိုက်ရိုက်ဆန့်ကျင်ရန် မလွယ်ကူခဲ့ပါချေ။သူဟာ အလှည့်အပြောင်းများလှတဲ့ နန်းတော်ကြီးထဲမှာ ဘယ်သူကို ယုံကြည်ရမလဲဆိုတဲ့ မသေချာ မရေရာမှုများနဲ့ ကြုံလာရချိန်မှာ ငယ်သူငယ်ချင်းဖြစ်သူ စစ်မာယိဟာ သူ့သူငယ်ချင်းကို ကူညီရန် နန်းတွင်းအရေးကိစ္စထဲသို့ ပါဝင်လာပါတော့တယ်။ စစ်မာယိရဲ့ ပါးနပ်မှုတွေနဲ့ လျိုဖျင်းရဲ့ ကောင်းမွန်စိတ်ဓာတ်တွေ ပေါင်းစပ်တဲ့အခါ နန်းတော်ရဲ့ ရှုပ်ထွေးမှုတွေအတွင်းမှာ ဘာတွေဆက်ဖြစ်လာမလဲ....? စစ်မာယိရဲ့ စိတ်သဘောထားအမှန်ကရော ဘာဖြစ်မလဲ..? ရှုပ်ထွေးပွေလီလှတဲ့ နန်းတော်အတွင်းမှာ ဆုံးဖြတ်ချက်တစ်ခုကြောင့် အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နိုင်ရကြောင်းကို သိရှိနားလည်သွားတဲ့ အားနည်းတဲ့ လူငယ်လေးကရော သူ့ရဲ့ စိတ်သဘောထားကို ပြောင်းလဲပြီး နန်းတော်ကို တာဝန်ယူအုပ်ချုပ်နိုင်ပါ့မလား....? လျိုဖျင်းတစ်ယောက် အာဏာရှင် ချောင်ချောင်းရဲ့ ကြိုးကိုင်အုပ်ချုပ်ရန် ကြံစည်မှုတွေကို တွန်းလှန်နိုင်ပါ့မလား...?ဆိုတာကို Secret Of The Three Kingdoms ဆိုတဲ့ ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ကြရအောင်ပါနော်..