မိသားစုရဲ့ အိမ်ထောင်ဦးစီးလား..... ရှရီခန်ဆိုတာက TASC ဆိုတဲ့ နည်းနည်းလေးတောင် အမှားခံလို့မရတဲ့အဖွဲ့မှာ အလုပ်လုပ်နေသူပေါ့ လုပ်ရည်ကိုင်ရည်ကောင်းတာကြောင့် အထက်ကလည်း သဘောကျရတဲ့လူ ဒါပေမဲ့ အဖွဲ့သားတွေကလွဲ အိမ်ကလူတွေသိထားတာကတော့ သူကရုံးဝန်ထမ်းပါ ဘဝကိုခြေရာဖျောက်ရင်း မနက်၉ ညနေ၅ သာမန်ဝန်ထမ်းလေးပေါ့ စဉ်းစားကြည့်ပါ.... အကြမ်းဖက်သမားတွေနဲ့ အသက်လုရင်ဆိုင်နေချိန် စိတ်ကောက်နေတဲ့ အိမ်ကမိန်းမကိုလည်း အချိန်ရရင် ရသလို ပြေးပြေးချော့ရသေးတာဗျ ဒီ season မှာတော့ မူဆာလို့ခေါ်တဲ့ အကြမ်းဖက်သမားနဲ့ ရင်ဆိုင်ရမှာပါ.... အာရုံကြောအဆိပ်ငွေ့ဗုံးနဲ့ မစ်ရှင်ဇူဖီကာလို့နာမည်ပေးထားတဲ့ ဒီပွဲစဉ်ကို မရမကတားဆီးဖို့အတွက် ကတ်ရှ်မီးယားဒေသကနေစလို့ ဘမ်ဂလိုမြို့တွေအထိ အပြင်းအထန် မြေလှန်ရှာရမှာပါ တစ်ပိုင်းတစ်ပိုင်း တက်လာမှာဖြစ်တဲ့ဇာတ်ရှိန်နဲ့ ၁၀ ပိုင်းလုံးကို ထိုင်ရာမထ ကြည့်ရှုချင်မှာဖြစ်လို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါစို့ဗျာ....