၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့ပြီး ဆယ်စုနှစ်နှစ်ခုကြာတာတော့ old but gold နေသေးပြီး ဒီနေ့ထိ ကလေးအစ လူကြီးအဆုံး နာမည်ကြားတာနဲ့ မျက်မှန်းတန်းမိတဲ့ကားလို့ပြောရင်လည်း မှန်ပါတယ်။ Early 2000s လူနေမှုစတိုင်တွေကို မြင်တွေ့ရမယ့်ကားဖြစ်ပြီး LA လည်းထွက်ထားဖူးပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Yagami Light ဆိုတဲ့ တရားမျှတမှုမြတ်နိုးတဲ့ကောင်လေးဟာ စိတ်ထောင်းကိုယ်ကြေလာကကြီးကို ငြီးငွေ့နေပါတယ်။ တရက်မှာတော့ တောင်စဥ်ရေမရလျှောက်သွားရင်း Death Note ကို သွားကောက်မိခဲ့ပါတယ်။ Death Note ဆိုတာကလည်း နာမည်တိုင်း အစွမ်းထက်တဲ့ Shinigami အပိုင်း မှော်ဝင်စာအုပ်တအုပ်ပါ။ အဲ့မှာ ခေတ်သစ်ပေါင်ချိန် Light တယောက် လောကကြီးကိုဆေးကြောမယ်ဆိုပြီး Death Note နဲ့ ရာဇဝတ်သားတွေကို စသတ်ပါတော့တယ်။ ကြာလာတော့ ဒါက ကမ္ဘာလုံးဆိုင်ရာ လူသိရှင်ကြားဖြစ်လာပြီး ရဲတွေရဲ့ ရေဒါအောက်ပါရောက်လာပါတော့တယ်။ ဘယ်လိုပဲဆေးကြောတယ်ပြောပြော လူသတ်မှုဖြစ်နေတာမလို့ ကမ္ဘာ့အတော်ဆုံးစုံထောက် L ဟာ ဒီအမှုကိုစပြီးကိုင်ဖို့လုပ်ပါတော့တယ်။ ဒီမှာ ညဏ်ကြီးရှင် Light နဲ့ L အကြားဘယ်လိုတွေ ညဏ်ပြိုင်ပွဲဝင်ကြမလား ဘယ်သူက အသာစီးရသွားမလဲ Light ကရော တရားမျှတမှုကို မြတ်နိုးနေအုံးမှာလား Death Note ရဲ့ နောက်ကွယ်မှာဘာတွေရှိနေလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် သာမာန် Anime တွေနဲ့ vibe ကွဲပြားနေတဲ့ ကားကောင်းလေးတခုဖြစ်ပါတယ်။