ဇာတ်ညွှန်း ဆေးဘက်ဝင်အပင်တွေကိုသုတေသနပြုစိုက်ပျိုးရင်း ဘဝကိုဖြတ်သန်းနေတဲ့ ရုက္ခဗေဒပါမောက္ခ'ကျွမ်းယွီ'ဟာ နာမည်ကျော်ကြားပေမဲ့ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့ လူတစယောက်ပေါ့ သူ့အပေါ်နှစ်ပေါင်းများစွာခံစားချက်ရှိနေတဲ့ ကျေးလက်သူလေးတစ်ယောက်ရဲ့ ခံစားချက်ကိုလည်းသူဟာအမှတ်မထင်နာကျင်စေခဲ့ဖူးသူပါ 'ယွီမေရန်'ဟာ သကုဏဗေဒမေဂျာနဲ့ ဂုဏ်ထူးတန်းကိုတက်ရောက်ဖို အမှတ်မှီခဲ့ပေမဲ့ သုတေသနလုပ်ငန်းတွေရဲ့ဖိအားကိုမခံနိုင်တာကြောင့် သူမဝါသနာပါတဲ့ ဖက်ရှင် blogger လုပဖို လမ်းကြောင်းကိုရွေးချယ်ခဲ့တယ် သုတေသနအတွက်ကွင်းဆင်းလေ့လာဖို'ကျွမ်းယွီ'ဟာ 'ချင်းရွှေ'ဆိုတဲ့ရွာလေးကိုရောက်ရှိလာပြီး 'ယွီမေရန်'ရဲ့အိမ်မှာတည်းဖိုအကြောင်းဖန်လတော့တယ် 'ကျွမ်းယွီ'ရဲ့အလုပ်တွေအဆင်ပြေစေဖို သူမဟာကူညီပေးခဲ့ပြီး 'ကျွမ်းယွီ'ဟာလည်း သူ့ဘဝမှာဘယ်သူ့ဆီကမှမရဖူးခဲ့တဲ့ နွေးထွေးမှုတွေ မေတ္တာတွေကို 'ယွီမေရန်'ဆီက ခံစားလိုက်တဲ့အခါသူ့ရဲ့ရေခဲတုံးနှလုံးသားက အရည်ပျော်လာနိုင်မလား??? အသက်ကွာခြားမှုလေးရှိနေတဲ့သူတိုနှစ်ဦးကြားက ခံစားချက်တွေကိုရော ဘယ်လိုများဖွင့်ဟဝန်ခံကြမလဲ??? 'ယွီမရန်'ကရော ဘာအကြောင်းကြောင့်များဖက်ရှင်bloggerလမ်းကြောင်းကိုရွေးချယ်ခဲ့တာလဲ??? ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ကြည့်လိုကောင်းမဲ့ ဒီဇာတ်လမ်းလေးကို ကိုယ်တွေရဲ့ပူတင်းလေး "Yu Shu Xin"(ရှင်းရှင်း)လေးနဲ့ ရွှက်ကောကော"Zhang Binbin"တိုက တွဲဖကသရုပ်ဆောင်ထားတာမို ပြောစရာမလိုတဲ့ visualပိုင်ရှင်လေးတွေပဲနော် ပါမောက္ခနဲ့ ဖက်ရှင်bloggerမလေးရဲ့စိတ်ဝင်စားဖွယ် အချစ်ဇာတ်လမ်းကောင်းလေးကိုကိုယ်တွေရဲ့ Soulkingdom ကနေ ကောင်းပေ့ဆိုတဲ့ဘာသာပြန်စွမ်းရည် ရုပ်ထွက်အကြည်လေးတွေနဲ့ မကြာခင်တင်ဆက်ပေးတော့မှာမို အတကြည့်ရှုခံစားဖိုဖိတ်ခေါ်လိုက်ပါတယ်နော်