Just Wanna Be With You FHD

Just Wanna Be With You

ဒီတစ်ခါ အချစ်ကားလေးတွေကို ကြိုက်နှစ်သက်တဲ့ GC ပရိတ်သတ်ကြီးအတွက် မိတ်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ တုနှိင်းမမှီ ချစ်မေတ္တာဆီ (Just Wanna Be With You) ရှန်းရှမီနီ‌ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့ မင်းသားချောလေး‌တွေဖြစ်တဲ့ He Jianqu , Zhang Chi နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီး‌ချောလေး Ma Qiuyuan နဲ့ Sun Yan'an တိုက ပါဝင်သရုပ်ထားပါတယ် "အားယွီ တားမြစ်ထားတဲ့သိုင်းပညာကိုလေ့လာပြီး ချန်းယွင်ကို ဝင်ရောက်ခဲ့တာ မင်းကို ထပ်တွေ့ခွင့်ရဖိုပဲ " -------ကျန်းကျင်ဟွိင်------ မင်းတစ်ယောက်တည်း အန္တရာယ်နဲ့ ရင်ဆိုင်ဖို ငါခွင့်မပြုနိုင်ဘူး -------ကျန်းကျင်ဟွိင်------ "ကျွန်မ ငှက်တစ်ကောင်လိုပြောင်းလဲပြီး ရှင်နဲ့အတူ ပျံသန်းချင်ခဲ့ဖူးတယ် ကျွန်မ ငါးတစ်ကောင်လို ပြောင်းလဲပြီး ရှင်နဲ့အတူ ရေကူးချင်ခဲ့ဖူးတယ်" -------ကျန်းကျစ်ယွီ------ ကောင်းကင်ဘုံက နတ်ဘုရားမလေး ကျန်းကျစ်ယွီနဲ့ လီမျိုးနွယ်စုက တာနူကီလူငယ်လေး ကျန်းကျင်ဟွိင်တိုဟာ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းပြီးနောက် ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့ သူတိုနှစ်ဦးရဲ့ လူမှုအဆင့်အတန်း ကွာခြားမှုကြောင့် ကောင်းကင်ဘုံအဖွဲရဲ့ နတ်ဘုရားခေါင်းဆောင် နန်ကုန်းရှောင်းက သူတိုရဲ့ ဆက်ဆံရေးကို ကန့်ကွက်ခဲ့ပါတယ် ဒါ့ကြောင့် သူဟာ သူတိုရဲ့ အချစ်ကို မုန်းတီးမှုအဖြစ် ပြောင်းလဲပစ်ဖို ထောင်ချောက်တစ်ခု ဆင်ခဲ့ပါတယ် ကျန်းကျစ်ယွီတစ်ယောက် သူမရဲ့လင်ရှောင်းမျိုးနွယ်စုကိုကာကွယ်ဖိုအတွက် မချစ်မနှစ်သက်တဲ့ ချန်းယွင်မျိုးနွယ်စုခေါင်းဆောင်ကို လက်ထပ်ဖိုဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့... အဲဒီလက်ထပ်ပွဲကရော တကယ်ပဲ ဖြစ်လာနိုင်မလား.. သုံးလောကကို ကာကွယ်ဖိုအတွက် ချစ်ရသူနှစ်ဦး ဘယ်လိုပြဿနာတွေကိုရင်ဆိုင်ပြီး ဘယ်လိုတွေ ဖြတ်ကျော်ကြမလဲ သုံးလောကရဲ့ နောက်ကွယ်က မထင်မှတ်ထားတဲ့အမှန်တရားတွေကို ရှာဖွေတွေ့ရှိသွားကြမလားဆိုတာကိုတော့ တုနှိင်းမမှီ ချစ်မေတ္တာဆီ (Just Wanna Be With You) ဆိုတဲ့ မီနီဇတ်လမ်းလေးကို GC Drama ကနေ တင်ဆက်ပေးသွားတော့မှာဖြစ်လို အားပေးကြည့်ရှုပေးကြပါဦးနော်။