ဒီဇာတ်လမ်းကတော့ ထန်မင်းဆက် စီအီး 626 နိုင်ငံရေးဗဟိုချက်ဖြစ်တဲ့ ချန်အန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရွှမ်ဝူဂိတ်တံခါးအဖြစ်အပျက်ကို အခြေခံကာ ဇာတ်အိမ်တည်ထားပြီးးး ထန်မင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသား လီကျန့်ချန်ရဲ့ သမီးဖြစ်သူ လီချန်ကောကို မဏ္ဍိုင်ပြုထားတဲ့ ဇာတ်လမ်းလေးပါ။ Dilireba ၊ Wu Lei ၊ Zhao Lusi နဲ့ Liu Yuning စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်အားဖြည့်ထားပါတယ်။ လီချန်ကော ငယ်ငယ်တည်းက ယုံကြည်အားကိုးချစ်ခင်ရတဲ့ ဦးရီးတော်ဖြစ်သူက ရုတ်တရက် အာဏာဝင်သိမ်းပြီး သူမရဲ့ တစ်မိသားစုလုံးကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်တဲ့အချိန်မှာတော့ သူမရဲ့ အေးချမ်းနေတဲ့ ဘဝလေးက ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ရပါတော့တယ်။သူမရဲ့ မိသားစုကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် စိတ်ထိခိုက်ဒဏ်ရာရသွားရတဲ့ လီချန်ကောရဲ့ မချိတင်ကဲဝေဒနာက လက်စားချေလိုတဲ့ အငြိုးမီးတောက်ကြီးအဖြစ် ပြောင်းလဲသွားရပါတော့တယ် .... ဒီလိုနဲ့ လီချန်ကောဟာ မိသားစုအတွက် ကလဲ့စားချေဖို့ ခိုင်ခိုင်မာမာစိတ်ဆုံးဖြတ်ချက်ပြီး ယောက်ျားလေးအဖြစ်ဟန်ဆောင် သရုပ်မှန်ဝှက်ပြီး သူမရဲ့ အာဏာရှင်ကို ဖြုတ်ချမယ့်ခရီးစဉ်စတင်ပါတော့တယ်။ခရီးလမ်းတစ်လျှောက်မှာ လီချန်ကောဟာ မြက်ခင်းလွင်ပြင်က သိမ်းငှက်တပ်ဖွဲ့ရဲ့ အထူးတာဝန်ထမ်းဆောင်ရေးအရာရှိဖြစ်သူ အားရှစ်လဲ့စွင်နဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပါတယ်။မရေမတွက်နိုင်တဲ့ အဖြစ်အပျက်တွေကတစ်ဆင့် သူတို့နှစ်ယောက်ရဲ့ ရေစက်ကြမ္မာယှက်နွယ်မှုနဲ့အတူ အားရှစ်လဲ့စွင်က သူမအပေါ် ခံစားချက်တွေ ဖြစ်ပေါ်လာပါတော့တယ်။သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုပေါက်ဖွားလာမလဲအပြင် နောက်ပိုင်းမှာ သူတို့ချစ်ရတဲ့အရာတွေကို ထိခိုက်အောင် လုပ်ခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အင်အားစုတွေကို တွေ့ရှိခဲ့ပြီး မြက်ခင်းလွင်ပြင်နဲ့ ထန်ပြည်ထောင်ရဲ့ ငြိမ်းချမ်းသာယာရေးကို ကာကွယ်ဖို့အတွက် နည်းဗျူဟာကျွမ်းကျင်တဲ့ လီချန်ကောနဲ့ နှစ်ယောက်သား စစ်ရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ပြီး တွန်းလှန်တိုက်ခိုက်ကြမလဲ။ဒါ့အပြင် ဒုတိယcp ဖြစ်တဲ့ သွေးအေးပြီး သစ္စာရှိတဲ့ ဟောက်သူးနဲ့ ယုံအန်းမင်းသမီးလေးလဲ့ယန်းရဲ့ ဇာတ်လမ်းကိုပါ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။