DC ဖန်တွေအတွက် "Arrowverse" ဆိုတဲ့ ကမ္ဘာကြီးတစ်ခုလုံးကို စတင်မွေးဖွားပေးလိုက်တဲ့ ဂန္တဝင်စီးရီးကြီး "Arrow (2012)" ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီစီးရီးက Superhero စီးရီးတွေ ဒီလောက်ကြီး ခေတ်မစားခင်အချိန်ကတည်းက ထွက်ခဲ့တာဖြစ်ပြီး၊ Batman လိုမျိုး Dark ဖြစ်တဲ့ Theme ကို အခြေခံထားလို့ အတော်လေး အောင်မြင်ခဲ့တဲ့ စီရီးကောင်းတစ်ခုပါ။ ဇာတ်လမ်းအကျဉ်း: စတာလင်မြို့က အချမ်းသာဆုံး သူဌေးသား၊ လူပျိုလူရှုပ် အော်လီဗာကွင်း (Stephen Amell) ဟာ ပင်လယ်ခရီးထွက်ရင်း မုန်တိုင်းမိပြီး ပျောက်ဆုံးသွားပါတယ်။ လူတွေက သူသေပြီလို့ ထင်မှတ်ထားပေမယ့် ၅ နှစ်အကြာမှာတော့ ငရဲခန်းလို ကြမ်းတမ်းတဲ့ ကျွန်းဆိုးကြီး (Lian Yu) ကနေ အရှင်လတ်လတ် ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ ပြန်ရောက်လာတဲ့သူက အရင်က ခပ်ရှုပ်ရှုပ်၊လူ့ပေါ်ကျော့ သူဌေးသား Oliver မဟုတ်တော့ပါဘူး။ ခန္ဓာကိုယ်အပြည့် ဒဏ်ရာတွေနဲ့အတူ လေးမြှားပစ်ခတ်မှုမှာ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် ဖြစ်လာတယ်။ သူ့အဖေ မသေခင်မှာ ပေးခဲ့တဲ့ "စာရင်းစာအုပ်" ထဲက နာမည်ပျက် စာရင်းသွင်းခံထားရတဲ့ လူဆိုးတွေကို ရှင်းလင်းဖို့ "The Hood" ဆိုတဲ့ နာမည်နဲ့ ညဘက်တွေမှာ သူရဲကောင်း ထွက်လုပ်ပါတော့တယ်။ Christopher Nolan ရဲ့ Batman ကားတွေကို မှီငြမ်းထားတဲ့ ပုံစံမို့လို့ တခြား Superhero ကားတွေလို အရောင်စုံ၊ ပါဝါစုံနဲ့ ကလေးကလား မဆန်ဘူး။ လူကြမ်းမင်းသားကြမ်း အက်ရှင်စစ်စစ်ကို မြင်ရမယ့် စီးရီးပါ ဒီစီးရီးရဲ့ အသက်က လက်ရှိအချိန်မှာ ရန်သူနဲ့ ရင်ဆိုင်နေတာကို ပြသလို၊ လွန်ခဲ့တဲ့ ၅ နှစ် ကျွန်းပေါ်မှာ သူဘယ်လို ဒုက္ခတွေ ခံခဲ့ရပြီး ဘယ်လို သိုင်းသင်ခဲ့ရလဲ ဆိုတာကိုပါ တပြိုင်တည်း တလှည့်စီ ပြသွားတာပါ။ DC ဖန်မဟုတ်ရင်တောင် အက်ရှင်ကောင်းကောင်း၊ မင်းသားမိုက်မိုက်နဲ့ လက်စားချေတဲ့ ဇာတ်လမ်းမျိုး ကြိုက်ရင် ဒါက မဖြစ်မနေ ကြည့်ရမယ့် စီးရီးပါ။ Arrowverse ရဲ့ တခြားစီးရီးတွေဖြစ်တဲ့ The Flash တို့ Legends of Tomorrow တို့နဲ့ ဇာတ်လမ်းတွေ ချိတ်ထားတာမို့လို့ ကြည့်ရှုသင့်တဲ့ စီးရီးတစ်ခုပါခင်ဗျာ