ဒီ Impulse ဆိုတဲ့ series လေးဟာ ၂၀၀၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့Jumper movieရဲ့ Sequel ဇာတ်လမ်းအနေနဲ့ ၂၀၁၈ခုနှစ်မှ ထွက်ရှိလာခဲ့တာပါGoogle မှာရှာကြည့်လိုက်ရင်တော့ ၉၆%က ကြိုက်နှစ်သက်တယ်လို့တွေ့ရှိရမယ့် Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ် အခုလောလောဆယ်မှာတော့ ၁ဝပိုင်းထွက်ရှိပြီးထားပြီးဖြစ်ပါတယ်ဇာတ်လမ်းအတိုချုံးကတော့ ဟင်နရီဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာဆိုးသွမ်းပြီးတစ်ယောက်တည်း နေတတ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်သူမဟာ ကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းပြောင်းနေရတဲ့ကျောင်းသူဖြစ်ပြီးတော့သူများနဲ့မတူတဲ့ထူးခြားတဲ့စွမ်းအင်တွေရှိနေပါတယ်..ဒါကိုလည်း သူမကိုယ်တိုင်တောင် သူမမသိရှာပါဘူး…ဒါပေမယ့် သူမ ကိုယ်တိုင်သိလိုက်တဲ့အချိန်မှာတော့သူမဟာ ပတ်ဝန်းကျင်အတွက်ကော သူမကိုယ်တိုင်အတွက်ပါအန္တရာယ်ရှိတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်…..ဒီစီးရီးလေးကတော့ Jumper ကြည့်ဖူးတဲ့လူတွေအတွက်စိမ်းမှာမဟုတ်ပေမယ့်အခုမှစကြည့်မယ့်လူတွေအတွက်ကတော့ ကျေနပ်ဖို့ကောင်းမယ့်ရသတစ်ခုကို ခံစားရမှာပါ…..