Our Interpreter FHD

Our Interpreter

Comedy Drama FHD 2024

" 8 နှစ်အကြာမှ ကိုယ့်ရဲ့ရည်စားဟောင်းနဲ့ အလုပ်ခွင်မှာ ပြန်တွေ့ရင် ဘယ်လိုလုပ်သင့်လဲ " Starry Love ထဲက ရွှမ်ရှန်းနတ်မင်းကို ​ခေတ်ပုံစံအမိုက်စားနဲ့မြင်ရမယ့် ကားအသစ်​လေးနဲ့  မိတ်ဆက်​ပေးမယ်​နော်ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်း​လေးက​တော့ ဘာသာပြန်​လောကမှာ "စုန်းမ​လေး" လို လူသိများတဲ့ လင်ရှီး (Victoria Song)ဟာ ရည်းစား​ဟောင်းဖြစ်သူ ​ရှောင်းယိချန် (Chen Xing Xu)နဲ့ လမ်းခွဲပြီး ၈ နှစ်အကြာမှာ လုပ်ငန်းခွင်ထဲမှာ ပြန်​​တွေ့ကြပြီး အချစ်​တွေပြန်လည်​ပေါက်ဖွားလာတဲ့ ဇာတ်လမ်း​လေးပါ။ လွန်ခဲ့တဲ့ ၈ နှစ်က လင်ရှီးဟာ မိခင်ဖြစ်သူရဲ့ သူမကို UN အဖွဲအစည်းမှာ ကျွမ်းကျင်ဘာသာပြန်တစ်​ယောက်ဖြစ်​စေချင်တဲ့ဆန္ဒကို ဖြည့်ဆည်း​ပေးဖို ရည်းစားဖြစ်သူ ​ရှောင်းယိချန်နဲ့ လမ်းခွဲခဲ့ပါတယ်။ ၈နှစ်ကြာပြီးတဲ့​နောက်မှာ​​တော့ လင်ရှီးဟာ Huasheng မှာအသက်အငယ်ဆုံးဘာသာပြန်ချုပ်ဖြစ်လာခဲ့သလို ရှောင်းယိချန်က​တော့ ဆက်သွယ်​ရေးကုမ္မဏီတစ်ခုရဲ့ နည်းပညာအရာရှိချုပ်ဖြစ်လာခဲ့ပြီး လင်ရှီးအတွက် အလားအလာရှိတဲ့ Client တစ်​ယောက်ဖြစ်​နေခဲ့ပါတယ်။ရှောင်းယိချန်နဲ့ လုပ်ငန်းစာချုပ်ချုပ်ဆိုနိုင်ဖိုအတွက် ရည်းစား​ဟောင်းနဲ့ ပြန်ပတ်သက်ရမယ့်ကိစ္စမှာ လင်ရှီးအတွက် ​ရွေးချယ်စရာမရှိခဲ့ပါဘူး။ရှောင်းယိချန်ဟာ လင်ရှီးကို အလုပ်အတူတွဲလုပ်ဖို လက်ခံခဲ့​ပေမဲ့ လွန်ခဲ့တဲ့ ၈နှစ်က လမ်းခွဲခံခဲ့ရတဲ့ကိစ္စ​ကို မ​ကျေမနပ်ဖြစ်​ပြီး လက်စားပြန်​ချေချင်​နေ​သေးတာပါ။ လင်ရှီးတစ်​ယောက် လွန်ခဲ့တဲ့ ၈ နှစ်က ​ရှောင်းယိချန်ကို လမ်းခွဲခဲ့တဲ့ အ​ကြောင်းရင်းမှန်ကို ဘယ်​တော့မှ ​ပြောပြမှာလဲ အလုပ်အတူတူတွဲလုပ်ကြရင်း သူတိုနှစ်ဦးကြားမှာ အချစ်​တွေ ဘယ်လိုပြန်လည်​ပေါက်ဖွားလာကြမလဲဆိုတာ​တော့ ဒီဇာတ်လမ်းတွဲ​လေးမှာ ကြည့်ရှုအား​ပေးကြပါဦး​နော်....