" နောက်ဆုံးကျရင်ခွဲခွာရမယ်ဆိုတာသိရက်သားနဲ့ မင်းစတင်ဖို့ဆန္ဒရှိသေးလား "ကျောင်းယောင်တောင်ပေါ်မှာ အပြင်လောကသားတွေနဲ့ မပတ်သတ်ပဲ မျိုးနွယ်စုနတ်သမီးက ကာကွယ်ပေးထားတဲ့ပျော်ရွှင်စွာသီးသန့်နေထိုင်ကြတဲ့မျိုးနွယ်စုလေးတစ်စုရှိတယ်။ ထိုမျိုးနွယ်စုထဲက မီးခိုးရောင်မျက်လုံးကိုပိုင်ဆိုင်ထားတဲ့မိန်းကလေး Bu Nianက ဒဏ်ရာအပြင်းအထန်ရပြီး အတိတ်မေ့နေတဲ့စစ်သူကြီး Xue Yi Yangကို ကယ်တင်ခဲ့တယ်။ Bu Nianဟာ Xue Yi Yangကို ချစ်မိသွားပြီး သူ့ရဲ့ဒဏ်ရာကိုကုသပေးဖို့အတွက် မျိုးနွယ်စုနတ်သမီးထံမှာ ဆုတောင်းခဲ့တယ်။Bu Nianရဲ့ဆုတောင်းအတွက် ပြန်ပေးဆပ်ရတဲ့အရာက Xue Yi Yangက တောင်အောက်ကိုဆင်းဖို့ပဲ။ Bu Nianက ချစ်ရသူကိုရှာဖွေဖို့အတွက် တောင်အောက်ကိုဆင်းခဲ့ပြီး မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ Xue Yi Yangကို ရှာတွေ့ခဲ့တယ်။ Xue Yi Yangက Bu Nianကိုမမှတ်မိပဲ အေးစက်စွာ ဆက်ဆံခဲ့ပေမဲ့ Bu Nianရဲ့တိတ်တဆိတ်ဂရုစိုက်ပေးမှုတွေကြောင့် သူတို့နှစ်ဦးကြားကချစ်ခြင်းမေတ္တာက ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ ထိုအချိန်မှာ Xue Yi Yangက ပုန်ကန်သူကိုရှင်းလင်းဖို့အတွက် အမိန့်ရရှိခဲ့ပြီး မှတ်ဉာဏ်ပျောက်ဆုံးနေတာကြောင့် မျိုးနွယ်စုအကြောင်းမသိပဲ Bu Nianရဲ့မျိူးနွယ်စုကို သတ်ဖြတ်ခဲ့တယ်။ ထိုနေ့မှာပဲ Xue Yi Yangက မှတ်ဉာဏ်ပြန်ရလာခဲ့ပြီး Bu Nianဟာ ချစ်ရသူနဲ့မျိုးနွယ်စုကြား ဘယ်လိုရွေးချယ်မှုကိုလုပ်လိမ့်မလဲ၊Bu Nianဟာ Xue Yi Yangအတွက် နောက်ကွယ်ကနေ ဘယ်လိုပေးဆပ်မှုတွေကို စတေးခဲ့ရလဲ၊သူတို့နှစ်ဦးကြားကအထင်လွဲမှားမှုကို ဘယ်လိုပြန်ဖြေရှင်းကြမလဲဆိုတာကိုတော့ ပရိသတ်ကြီးက Soulkingdomမှာ စောင့်မျှော်ကြည့်ရှုလို့ရပါပြီနော်