လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က နတ်မင်းတွေ (Immortal Lords) နဲ့ အရိပ်မျိုးနွယ်စု (Shadow Clan) တို နှစ်ပေါင်းများစွာ စစ်ပွဲဆင်နွှခဲ့ကြတဲ့အချိန်မှာ နတ်မင်း Jing Wei က အရိပ်မျိုးနွယ်စုရဲ့ အထွတ်အမြတ်ထားတဲ့ပစ္စည်းဖြစ်တဲ့ "သက်ရှိလောက ကြေးမုံ (Floating World Mirror)" ကို သိမ်းပိုက်ရယူခဲ့ပြီး နတ်ဆိုး Xie Yun ကို ချိတ်ပိတ်ထားခဲ့တယ်။နတ်ဘုရားပစ္စည်းဖြစ်တဲ့ သက်ရှိလောကကြေးမုံကွဲအက်သွားတဲ့အခါ ကြေးမုံထဲမှာရှိတဲ့ နတ်ဆိုး Xie Yun ထွက်ပြေးလွတ်မြောက်ပြီး လူသားလူငယ် Yaoyang ရဲ့ ခန္ဓာကိုယ်ထဲသို ဝင်ရောက်သွားခဲ့ပါတယ်။ နတ်ဘုရားမ Bai Xi Yin က Yaoyang ကို တပည့်အဖြစ် လက်ခံပြီး သူ့ကိုယ်ထဲက နတ်ဆိုးတိမ်တိုက်ကို သန့်စင်ပေးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ နတ်ဆိုးနဲ့ တိုက်ခိုက်ရင်း သူ့ရဲ့နတ်စွမ်းအင်ကို Yaoyangရဲ့ခန္ဓာကိုယ်ထဲပေးခဲ့ရင်း အသက်စွန့်ခဲ့ရတယ်။ Yaoyangက အရိပ်မျိုးနွယ်ရဲ့ လျှိဝှက်ပညာနဲ့ နတ်ဆိုးတိမ်တိုက်ကိုသုံးပြီး သူ့ဆရာ Bai Xi Yinကိုပြန်ပြီး အသက်သွင်းခဲ့ပေမဲ့ သူ့ရဲ့ပြန့်ကျဲနေတဲ့ မူလဝိညာဉ်တွေကို ပြန်လည်ရှာဖွေဖို လိုအပ်နေခဲ့ပါတယ်။ ဆရာ Bai Xi Yunရဲ့မူလဝိညာဉ်တွေကိုပြန်ရှာရင်း Yaoyangတစ်ယောက် ဘယ်လိုအရာတွေကြုံတွေ့လာရမလဲဆိုတာ...