The Killer's Shopping List FHD

The Killer's Shopping List

Dae-Sung (Lee Kwang-Soo) ဟာ အင်မတန်ကောင်းတဲ့မှတ်ဉာဏ်ပိုင်ရှင်ဖြစ်ပေမဲ့ နည်းနည်းရှက်ကြောက်မဝံ့မရဲဖြစ်တတ်တဲ့စတိုင်မျိုးပါ...အစိုးရဝန်ထမ်းစာမေးပွဲကို သုံးနှစ်တိုင်တိုင်ကျရှုးထားပေမဲ့ အခုထိတော့လက်မလျော့သေးတဲ့ ဇွဲကြီးသူပါ... သူ့ရဲ့မိခင် ရဲအရာရှိဖြစ်သူပိုင်တဲ့ မြိုစွန်က MS Mart မှာ အချိန်ပိုင်းအလုပ်လုပ်ကိုင်ပြီး စာမေးပွဲဖြေဖို ကြိုးစားနေဆဲမောင်ရိုးသားလေးပေါ့... သူ့ရဲ့ချစ်သူ A-Hee (Seol Hyun) ဟာလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး ယောက္ခမလောင်းနဲ့အပြိုင် ချစ်သူကို အရမ်းအားပေးတတ်တဲ့ကောင်မလေးပါ...တစ်နေ့မှာတော့ MS Mart နားမှာရှိတဲ့အဆောက် အဦးမှာ လူသတ်မှုဖြစ်ပြီး အဲဒီအမှုကို A-Hee က ကိုင်တွယ်ရပါတယ်...ချစ်သူနဲ့ ယောက္ခမလောင်းတိုရဲ့အကူအညီနဲ့ A-Hee တစ်ယောက် အမှုကိုဖြေရှင်းဖိုကြိုးစားပါတော့တယ်... လူသတ်သမားချန်ထားခဲ့တဲ့တစ်ခုတည်းသောသက်သေကတော့ MS မှာ စျေးလာဝယ်ခဲ့တဲ့ ပြေစာဖြတ်ပိုင်းပါ...ကဲ ဒါဆိုရင်တော့ ဂွမ်ဂွမ်တစ်ယောက် ကောင်းမွန်လှတဲ့မှတ်ဉာဏ်ကိုအသုံးချပြီး လူသတ်သမားကို ရှာဖွေနိုင်မလားဆိုတာ...

အပိုင်းများ

Season 1