The Hunting Wives FHD

The Hunting Wives

Drama Mystery FHD 2025

ဒီဇာတ်လမ်းတွဲလေးကတော့ May cobb ရဲ့ hunting wives ဆိုတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းကတော့ မန်ဆာချူးဆက်ကနေ ယောကျ်ားဖြစ်သူ ဂရေဟမ်ရဲ့ အလုပ်ကြောင့် တက္ကဆက်ပြည်နယ် အရှေ့ပိုင်းကို ပြောင်းလာခဲ့ရတဲ့ ဆိုဖီယာအကြောင်းပါပဲ ။ မြိုကြီးသူ ဆိုဖီယာအတွက် အမဲလိုက် ၊ အပျော်အပါး ဝါသနာထုံကြတဲ့ တက္ကဆက်သားတွေက အထူးအဆန်းဖြစ်နေတဲ့အပြင် နေသားလည်း မကျခဲ့ပါဘူး ။ ဒီလိုကနေ ခင်ပွန်းဖြစ်သူရဲ့ အလုပ်ရှင် ဂျက်ဒ်ရဲ့ မိန်းမဖြစ်တဲ့ မာဂို နဲ့ ရင်းနှီးသွားပြီးတဲ့နောက် မာဂိုရဲ့ ရှုပ်ထွေးတဲ့ ကမ္ဘာထဲမှာ သူကိုယ်တိုင်တောင် မသိလိုက် မသိဘာသာပဲ ပျော်ဝင်သွားခဲ့ပါတယ် ။ မာဂိုတိုရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းဝင် မိန်းမတွေမှာလည်း တစ်ယောက်တစ်မျိုး ထူးဆန်းနေကြတဲ့အခါ ဆိုဖီယာတစ်ယောက် လျှိဝှက်ချက်တွေများပြီး သေနတ်နဲ့ ရင်းနှီးကျွမ်းဝင်ကြတဲ့ ကမ္ဘာကြီးထဲမှာ ဘယ်လိုရှင်သန်မလဲ ။ မာဂိုကလည်း သူ့အပေါ် စိတ်ဝင်စားတဲ့ဟန် ပြလာတဲ့အခါဆိုဖီယာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ hunting wives ဇာတ်လမ်းတွဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.....

အပိုင်းများ

Season 1