Athena: Goddess of War FHD

Athena: Goddess of War

Drama FHD 2010

IRIS III လိုလဲနာမည်တွင်ပါတယ် သိပ်မကြာတော့တဲ့ အနာဂတ်မှာ ကိုရီးယားကျွန်းဆွယ်နှစ်ခုပြန်လည်ပေါင်းစည်းဖိုဖြစ်လာပါတယ်။အဲ့ဒီလိုပြန်လည်ပေါင်းစည်းမှုအောင်မြင်ဖိုအတွက် ရန်ပုံငွေတွေ အများကြီးလိုအပ်တဲ့အတွက် တောင်ကိုရီးယားအစိုးရဟာ TWR ဆိုတဲ့ နည်းပညာသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။TWR ဟာ မြန်နှုန်းမြင့် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုဖြစ်ပြီး တစ်ခြားတိုင်းပြည်တွေက အဲ့ဒီနည်းပညာကို လိုချင်လာပါတယ်။TWR ပေါ်ထွက်ပြီး နောက်ပိုင်း ဖြစ်ရပ်ဆိုးတွေကို ကာကွယ်ဖိုအတွက် အစိုးရဟာ NTS ( အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး) အဖွဲအစည်းသစ်ကို ဖွဲစည်းခဲ့ပြီး ဂျန်ဝူးကို NIS ကနေ NTS ကိုရွှေ့ပြောင်းခဲ့တယ်။သူက ရွှေ့ပြောင်းမှုအတွက် စိတ်လှုပ်ရှားနေပြီး တကယ့်အေးဂျင့်တစ်ယောက်ဘဝကို နေထိုင်ရဖိုမျှော်လင့်နေခဲ့ပေမယ့် တကယ်တမ်း သူ့တာဝန်က မြောက်ကိုရီးယား ပြည်ပြေးတွေကိုစောင့်ကြည့်ဖိုဆိုတာ သိလာခဲ့ပါတယ်။တစ်နေ့မှာ ဂျန်ဝူးကို မြောက်ကိုရီးယားက အကြမ်းဖက်သမားတွေကို ခြေရာခံဖိုအီတလီကိုသွားဖို အမိန့်ရလာပါတယ်။