EXchange S4 FHD

EXchange S4

FHD 2025

နောက်ဆုံးတော့ ကြည့်ရှုသူ ပရိသတ်တွေကို ရယ်တစ်လှည့် ငိုတစ်လှည့်နဲ့ ရသမျိုးစုံပေးဦးမဲ့ EXchange အစီအစဉ်က Season အသစ်နဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ။Panelist တွေအနေနဲ့ကတော့ အရင် Season တွေလိုပဲ Simon Dominic, Lee Yongjin, YURA နဲ့ Kim Yewon တို့က ပါဝင်ထားပါတယ်။ဒီတစ်ခေါက် Season 4 မှာလည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် လမ်းခွဲဖြစ်ခဲ့ကြတဲ့ ex စုံတွဲတွေ တစ်အိမ်တည်းမှာ လာစုနေရင်း ဘယ်သူတွေက EXchange ဆိုတဲ့ အစီအစဉ်နာမည်လေးအတိုင်း ဖူးစာသစ်နဲ့ ဆုံစည်းပြီး အချစ်သစ်ကို ရှာဖွေတွေ့ရှိသွားမလဲ...အချစ်ဟောင်းကိုပဲ ပြန်လည်ရွေးချယ်သွားတဲ့ အတွဲရော ရှိလာဦးမှာလား...ဘယ်သူတွေကရော ex စုံတွဲတွေ ဖြစ်နေကြမလဲဆိုတာကို Panelist တွေနဲ့ အတူတူ ခန့်မှန်းကြည့်ရင်း အပတ်စဉ် စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်။