အတော်လေးကောင်းတဲ့ zombie စီးရီးတစ်ခုအကြောင်းမိတ်ဆက်ပေးပျဇေWalking Dead လို zombie စီးရီးမျိုးကိုသဘောကျသူတွေအတွက်ကတော့ ညွှန်းစရာသိပ်မလိုဘူးပေါ့Walking Dead နဲ့မတူတာတစ်ချက်က ဇာတ်အေးပုံစံမျိုးမဟုတ်ဘဲ zombie တွေနဲ့ဝုန်းဒိုင်းကြဲတိုက်နေတဲ့အခန်းကZ Nation မှာပိုများပါတယ် လူနည်းစုကိုတင်ရိုက်ပြထားတာမဟုတ်ဘဲ တမြို့လုံးမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုပါတခါထဲရိုက်ပြထားတော့ zombie apocalypseကြီးကို ရှုထောင့်အမျိုးမျိုးနဲ့ခံစားနိုင်တာပေါ့ဗျာနောက်တချက်ကွာတာက Walking Dead ထဲက zombie တွေလို ဖြေးဖြေးချင်းလမ်းလျှောက်ကြတာမဟုတ်ဘဲခုန်ပေါက်ပြေးလွှား ဝရုန်းသုန်းကားနဲ့ လူတွေနောက်တောက်လျှောက်လိုက်ပြီး စားမယ်ဝါးမယ်တကဲကဲဖြစ်နေတဲ့zombieကြီးတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာနော် ဇာတ်လမ်းအကျဉ်းကိုတော့ခပ်ရှင်းရှင်းပဲပြောတော့မယ်အမေရိကကို zombie virus ကူးစက်သွားပြီး 3နှစ်အကြာမှာ သမ္မတလဲသေသွားပြီ ဒီအခြေအနေမှာ zombie အကိုက်ခံရပေမဲ့ရောဂါပိုးကူးစက်မသွားတဲ့တစ်ဦးထဲသောပုဂ္ဂိုလ်ရဲ့သွေးကို ကယ်လီဖိုးနီးယားကဓာတ်ခွဲခန်းမှာစမ်းသပ်ခန်းပြီးရောဂါကာကွယ်ဆေးတစ်မျိုးထုတ်လုပ်ဖို့ သူရဲကောင်းမဟုတ်တဲ့သူရဲကောင်းအဖွဲ့တဖွဲ့က အဲ့ဒီပုဂ္ဂိုလ်ကြီးကိုနယူးရော့ခ်ကနေ ကယ်လီဖိုးနီးယားကိုဘေးမသီရန်မခပို့ပေးဖို့ တာဝန်ယူလိုက်ရတဲ့အကြောင်းကိုအခြေခံထားတဲ့ပုံပါSupernatural ထဲက ဝံပုလွေဖြစ်သွားတဲ့မုဆိုး Garth ကဒီစီးရီးထဲမှာ အဓိကနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်rating ကတော့ပြောစရာမလိုအောင်မြင့်ပြီးသားနော်