The Vampire Diaries FHD

The Vampire Diaries

ကမ္ဘာမြေကိုကယ်တင်ကြတဲ့ စူပါဟီးရိုးတွေလိုမျိုး The CW ကလဲ vampire တွေ , werewolf တွေ , စုန်းတွေနဲ့အတူ တခြား သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ creature တွေပါဝင်တဲ့ supernatural universe ကို 2010 ခုနှစ်မှာ The Vampire Diaries နဲ့ အစချီပြီး တည်ထောင်ခဲ့ပါတယ် … 2013 ခုနှစ်မှာတော့ The Vampire Diaries ထဲမှာ ပါဝင်တဲ့ မူလမျိုးစိတ်တွေအကြောင်းကို အကျယ်တဝင့်ရိုက်ကူးထားတဲ့ The Originals ဆိုပြီး ထွက်ရှိလာခဲ့ပါတယ် … အဲ့နောက်မှာတော့ ယခု 2018 ခုနှစ် Legacies ဆိုပြီး The Originals ရဲ့ ပင်တိုင်စံကြီး Klaus Mikaelson ရဲ့ သမီးလေး Hope Mikaelson တို့မျိုးစပ်အကြောင်းကို ထုတ်လွှင့်ပြသလျက်ရှိပါတယ် …ထုတ်လွှင့်ပြသခဲ့တဲ့ ခုနှစ်အားဖြင့် ကြည့်မယ်ဆိုရင် The Vampire Diaries ဟာ အဲ့ universe တစ်ခုလုံး ဦးစွာပထမပေါ့ … 2017 ခုနှစ် Season 8 ခု ထုတ်လွှင့်အပြီး The Vampire Diaries ကို အဆုံးသတ်ခဲ့ပါတယ် … Vampire ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများအတွက်တော့ မကြည့်ဖူးရင်သာရှိမယ် The Vampire Diaries ဆိုတဲ့ နာမည်ကို မကြားဖူးတဲ့သူ မရှိလောက်ပါဘူး …ဇာတ်လမ်းအကြောင်းလေး ပြောပြရမယ်ဆိုရင် – Elena Gilbert ရဲ့ မိဘတွေဟာ ကားအက်ဆီဒင့်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ရပါတယ် … မိဘတွေကို ရုတ်တရက်ဆုံးရှုံးသွားရတယ့်အတွက် ဝမ်းနည်းပူဆွေးနေခဲ့ရတဲ့ ဆယ်ကျော်သက် ကျောင်းသူလေးတစ်ဦးပေါ့ … သူ့မှာ Jeremy Gilbert ဆိုတဲ့ မောင်လေးတစ်ယောက်လဲရှိပါသေးတယ် … Jeremy ဟာလဲ မိဘတွေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတာကြောင့် ဖြေဆည်ရာမရပဲ မူးယစ်ဆေးတွေသုံးစွဲကာ ဝမ်းနည်းမှုကို ဖြေဖျောက်နေတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ဦးပေါ့ …အချိန်တွေကြာလာတော့ Elena ဟာ သူဝမ်းနည်းမနေတော့ပဲ သူ့ဘဝကိုရှေ့ဆက်ဖို သဓိဌာန်ချခဲ့ပါတယ် … နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်စပြီး စတက်တဲ့နေ့မှာပဲ Elena တစ်ယောက် Stefan Salvatore ဆိုသူနဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ် …Stefan Salvatore ဆိုတာကတော့ နှစ်ပေါင်း 162 နှစ်ရှိပြီဖြစ်တဲ့ သက်တမ်းရင့် vampire တစ်ကောင်ပေါ့ … vampire ဖြစ်ပေမယ့်လဲ သူဟာ လူသားဆန်ဖို့ ကြိုးစားနေထိုင်နေတဲ့ vampire တစ်ကောင်ပေါ့ … သူဟာ လူသွေးကို မသောက်ပါဘူး … သူ့မှာ Damon Salvatore ဆိုတဲ့ vampire အစ်ကိုတစ်ယောက်လဲ ရှိပါသေးတယ် … Damon ကတော့ လူသွေးတွေသောက် လူတွေကိုလိုက်သတ်တဲ့ ခပ်ကြမ်းကြမ်း vampire ပါ့ …တစ်ချိန်က လူသားဘဝမှာ Stefan နဲ့ Damon တို့ဟာ Katherine လို့ခေါ်တဲ့ ကောင်မလေးကို ချစ်ကျွမ်းဝင်ခဲ့ဖူးပါတယ် … Katherine ဟာ Stefan နဲ့ Damon တို့ကို vampire အသွင် ပြောင်းပေးခဲ့သူပါ … အကြောင်းအမျိုးမျိုးကြောင့် သူတို့နှစ်ဦး Katherine နဲ့ ကွဲကွာခဲ့ရပြီး နှစ်ပေါင်း 100 ကျော်အကြာမှ ပြန်တွေ့ရတဲ့ Elena ဆိုတဲ့ ကောင်မလေးဟာ တချိန်က သူတို့နှစ်ဦးရဲ့ ချစ်ရသူဖြစ်ခဲ့တဲ့ Katherine နဲ့ ချွတ်စွပ်တူနေခဲ့ပါတယ် …Season 1 မှာဆိုရင်တော့ Elena , Stefan နဲ့ Damon တို့ သုံးယောက်ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနဲ့အတူ ဗင်ပိုင်ယားတွေ သမန်ဝံပုလွေတွေ နဲ့အတူ စုန်းကဝေတို့ရဲ့ ကြားထဲက တိုက်ပွဲတွေကိုပါ ရင်သပ်ရှုမော်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် …Rating အရ IMDb မှာ 7.7/10 , Rotten Tomatoes မှာ 85% နှင့် TV.com မှာ 8.3/10 အသီးသီး ရရှိထားတဲ့ Rating မြင့် တီဗီဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ် …

အပိုင်းများ

Season 1

Season 2

Season 3

Season 4

Season 5

Season 6

Season 7

Season 8