Money Heist FHD

Money Heist

Crime Drama FHD 2017

2017 May2 ကထွက်ရှိခဲ့တဲ့ Money Heist( စပိန်လိုကတော့ La casa de papel သို့The Paper House ) လို့ခေါ်တဲ့ဒီစီးရီးဟာဆိုရင် Spain နိုင်ငံမှာနာမည်ကြီးလူကြိုက်များခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။ထူးခြားတာကတော့ ဒီစီးရီဟာ Limited series ဖြစ်ပါတယ်။ဒီစီးရီးကို ဖန်တီးခဲ့တဲ့သူကတော့ Lex Pina ဖြစ်ပြီးတော့အစောပိုင်းကတော့ စပိန်ရုပ်သံလိုင်းတခုဖြစ်တဲ့ Antena 3 အတွက်ဖန်တီးရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။ဒီစီးရီးမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားတာဖြစ်လို့ သဘောကျမှာအသေအချပါပဲနောက်ပိုင်းမှာတော့ ဒီကားဟာ စပိန်တလွှားမှာနာမည်ကျော်သွားတဲ့အတွက် နာမည်ကြီးNetflixကနေတာဝန်ယူဖြန့်ချိပေးခဲ့ပါတယ်။ဒီseries အမျိုးအစားလေးကတော့ Action , Thriller, Crime , Mysteryပေါင်းပြီးခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ဒီseries ရဲ့ Theme songဟာဆိုရင်တော့ ” My life is going on”ဖြစ်ပြီးတော့ ဒီသီချင်းဟာဆိုရင်ဒီseries ကိုတစ်ပိုင်းလောက်စကြည့်ပြီးတာနဲ့စိတ်ထဲမှာ ခံစားမှုတခုပေးနိုင်လောက်တဲ့အထိစွဲဆောင်နိုင်ပါလိမ့်မယ်ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းဟာ ဆိုရင်တခြားဘဏ်ဓားပြတိုက်တဲ့ကားတွေနဲ့ခွဲထွက်နေတဲ့စီးရီးဖြစ်ပါတယ်။ဒီSeriesမှာ ပရောဖက်ဆာလို့ ခေါ်ကြတဲ့ အလွန်ဉာဏ်ကောင်းပြီးအကွက်ကျကျစီစဉ်ပြီးမှ လုပ်တဲ့လူကတခြားနယ်ပယ်အသီးသီးကကျွမ်းကျင်ရာဇဝတ်သားတွေနဲ့ပူပေါင်းပြီးတော့ သမိုင်းမှာစံချိန်ချိုးရလောက်တဲ့အထိကြီးမားတဲ့ယူရို သန်း၂၄၀၀ကိုယူဖို့ရာဇဝတ်မှုကျူးလွန်ကြတာတွေရဲတွေကြားမှာဘယ်လိုထောင့်စိအောင်အစီအစဉ်တကျအကွက်ကျကျမျက်လှည့်ပြသလိုလုပ်ပြီးဥပဒေကိုလက်တစ်လုံးခြားဆောင်ရွက်သွားတာတွေကိုရင်သပ်ရှုမောဖွယ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ် …..