ဘယ်လောက်ပဲ ကိုယ့်ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ သားသမီးဆိုပေမဲ့အရွယ်ရောက်လာတဲ့အခါမှာတော့ ကိုယ့်စိတ်တိုင်းကျ ချုပ်ကိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒါကိုလက်မခံနိုင်ဘဲ အတင်းအကြပ်လုပ်မယ်ဆိုရင်တော့ မိဘရဲ့ပူပန်မှုတွေဟာသားသမီးတွေအတွက် စေတနာမဖြစ်ဘဲ ဝေဒနာဖြစ်လာတတ်ပါတော့တယ်။ယောက်ျားဖြစ်သူရဲ့ အဆိပ်အတောက်ဆန်မှုတွေကို အလူးအလဲခံရသူမလို့လင် ဆို ချဉ်နေတဲ့ ဒေါင်တစ်ယောက် သမီးလေးဂျယ်လီကို ယောက်ျားမုန်းတီးရေးဝါဒနဲ့ ပျိုးထောင်ခဲ့တာပေါ့။ အမေဖြစ်သူက ဘာတွေပြောနေနေ စိတ်ကစားတဲ့အရွယ်တစ်ခုရောက်လာချိန်မှာဂျယ်လီတစ်ယောက် ကာလ်ဆိုတဲ့ကောင်လေးနဲ့ လူငယ်သဘာဝချစ်ကြိုက်မိကြလေတော့ဒေါင်တစ်ယောက် ပွဲကြမ်းပြီး ကာလ်အိမ်ကိုလိုက်သွားမှကာလ်က တခြားသူမဟုတ် တစ်ချိန်က အဆက်ဟောင်းဖြစ်တဲ့ ဒွမ်ရဲ့တူဖြစ်နေပါသတဲ့။ဒွမ်က ဘယ်လောက်ပဲဖျောင့်ဖျပါစေ ယောက်ျားတွေမကောင်းဘူးဆိုတာကိုလက်ကိုင်ထားတဲ့ဒေါင်ကတော့ လက်မခံနိုင်ဘဲ ကာလ်ကိုစမ်းသပ်ဖို့သူတို့လေးယောက်အပြင် ကောင်မလေးတစ်ယောက်နဲ့ခေါ်ပြီး အတူနေကြရာကနေဇာတ်လမ်းက ပိုရှုပ်ဖို့ ဖြစ်လာချိန်မှာတော့…