အားလုံးအတွက် မွေးနေ့ဆိုတာကတော့ ပျော်ရွှင်စရာတွေ ၊ ဝမ်းသာစရာတွေနဲ့ ပြည့်နှက်နေစမြဲပါ…ဒါပေမယ့်…၁၈ နှစ်ပြည့်မွေးနေ့မှာ ချစ်ရသူကို ဖွင့်ပြောဖို့ပြင်ဆင်ထားတဲ့ အိုဟာရင်း (Yeri) ဆိုတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်သူမရဲ့မွေးနေ့မှာပဲ ချစ်ရတဲ့သူ ဂျီဆောဂျွန်း (Hongseok) က ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။အချိန်တွေကြာလာပေမယ့် အချစ်ဦးကိုအမြဲ တမ်းတရင်းနဲ့ တစ်နေ့မှာတော့ အချစ်ဦးသိမ်းထားခဲ့တဲ့ ဓာတ်ပုံတွေကိုတွေ့ရှိသွားပြီးလွန်ခဲ့တဲ့ဆယ်နှစ်တာအချိန်ကိုပြန်ရောက်သွားခဲ့ပါတော့တယ်။အတိတ်ကိုပြန်ရောက်ရှိသွားတဲ့ အိုဟာရင်း တစ်ယောက် ဆောဂျွန်း ဘာကြောင့် အဆုံးစီရင်သွားရတယ်ဆိုတာကို ရှာဖွေရင်းအဆုံးစီရင်တာကို တားနိုင်မလား?Red Velvet အဖွဲ့ဝင် Yeri လေးနဲ့ PENTAGON အဖွဲ့ဝင် Hongseok တို့ရဲ့ fantasy romance ကားလေးကိုခံစားကြည့်ရှုလိုက်ပါဦး ။