အာကာသစူးစမ်းမှုတွေများလာတာနဲ့အမျှ ကျွန်တော်တို့လူသားတွေဆီမှာ အတွေးတစ်ခုဝင်လာပါတယ်။ ဂြိုဟ်သားဆိုတဲ့ concept တစ်ခုပါ။ပထမဆုံးအနေနဲ့ စပြီးသိချင်လာတာကတော့ ဂြိုဟ်သာဆိုတာ တကယ်ရှိလားပေါ့။ရှိရင်ဘယ်လိုပုံစံဖြစ်မလဲ၊ သူတို့က လူသားတွေထက် ထူးခြားသာလွန်နေမလားကနေစလို့လူသားတွေကို အန္တရာယ်ပေးလာနိုင်မလား၊ တစ်ချိန် ကမ္ဘာကိုကျွန်ပြုလာနိုင်မလား စသဖြင့်စိတ်ကူးယဉ်မေးခွန်းတွေ ဒုနဲ့ဒေးပေါ့။ဒါဆို ဂြိုဟ်သားတွေက လူတွေနဲ့ပုံစံတူဖြစ်ပြီးတော့ လူတွေကြားမှာ ရောနှောရှင်သန်နေတယ်ဆိုရင်ရော…ခိယိုမိဟာ စင်ဂယ်မားသားတစ်ယောက်ဖြစ်ပြီး ဟိုတယ်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပေါ့။သူတို့ဟိုတယ်မှာ တာကာဟာရှိဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရှိပါတယ်။အရမ်းကိုရိုးအေးလွန်း စကားနည်းလွန်းပြီး ဟိုတယ်ကရေပူစမ်းကို အလုပ်ဆင်းချိန်မှာအမြဲသုံးနေတတ်တဲ့သူပေါ့။ဒါပေမဲ့ တစ်နေ့ ခိယိုမိစက်ဘီးနဲ့ဒုက္ခရောက်နေတုန်း တာကာဟာရှိက ခိယိုမိကိုရော စက်ဘီးကိုပါလူသာမန်မဟုတ်တဲ့အင်အားနဲ့ မ,ပြလိုက်တာကို မြင်လိုက်ရတဲ့အခါ…အဲဒီလိုနဲ့ စပ်စုစိန်လုပ်ရင်း တာကာဟာရှိဟာ ဂြိုဟ်သားတစ်ယောက်ဆိုတာသိလိုက်ရပြီးယုံရခက်မယုံရခက်နဲ့ အဒေါ်ကြီးတို့ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ အတင်းတုပ်ရာကနေမိနာပုနဲ့ ဟာချိတို့ပါ သိသွားချိန်မှာတော့…ဂြိုဟ်သားဦးဦးနဲ့ အန်တီမမ ၃ ယောက် ဘယ်လိုတွေတစ်စခန်းထကြမလဲဆိုတာ ဖူဂျီတောင်အလှကြီးနဲ့အတူစိတ်ဝင်စားဖွယ် ရှုစားလိုက်ရအောင်ပါ။