ဇာတ်လမ်းအကျဉ်းစီးပွားရေးလောကမှာ နာမည်ကြီးတဲ့ လင်ကော်ဖူရဲ့တစ်ဦးတည်းသော သမီး လင်ရှင်းထုန်ဟာ သူ့အဖေရဲ့ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ ဆင်းရဲသားလေး ချီရှန်းနဲ့ လက်ထပ်ဖို ကြိုးစားခဲ့ပါတယ် စေ့စပ်တဲ့နေ့မှာပဲ တစ်ခါမှမမြင်ဖူးတဲ့ လူတစ်ယောက်ဆီက အတင်းနမ်းခြင်းကိုခံခဲ့ရပြီး သူ့အဖေကလည်း အကြောင်းအရင်းမသိရဘဲ သေဆုံးသွားခဲ့ပါတယ်လူသတ်တရားခံလို သံသယ ရှိသူအဖြစ် အမည်တပ်ခံရတဲ့ ချင်မော့ယောင်က သံသယတွေကို ရှင်းဖို လင်ရှင်းထုန်ဆီကို ချဉ်းကပ်ခဲ့ပါတယ် ဒါပေမဲ့ မထင်မှတ်ပဲ လင်မိသားစုရဲ့အကြံအစည်တွေ ကြားထဲကို ရောပါသွားခဲ့ပါတယ် ဒီလိုနဲ့ ကြာလာတော့ လင်ရှင်းထုန်က သူ့ရဲ့ခင်ပွန်းလောင်း ချီရှန်းနဲ့ အချစ်ဆုံးသူငယ်ချင်း ရှယွီဝေးတိုနှစ်ယောက်ကြားကပတ်သတ်မှုကို ရိပ်မိလာပါတယ် ချင်မော့ယောင်ကလည်း တစ်ဖြည်းဖြည်းနဲ့ အမှန်တရားကို ဖော်ထုတ်လာနိုင်တဲ့အခါ..