ဘဲ့ဂျင်ဆန်း(Kang Ji Hwan) ဟာ ကုမ္ပဏီရဲ့ မာကတ်တင်းဌာနအဖွဲမှူးတစ်ယောက်ဖြစ်ပါတယ်…သူဟာ ထက်မြက်တယ်…စေ့စပ်တယ်… အကွက်စေ့တယ်….သိပ်တော်တဲ့သူလို့ဆိုရပေမယ့် အတ္တကြီးသူမို့ လက်အောက်ငယ်သားတွေဆိုအမှားလုပ်ရင်စာနာစိတ်တစ်ချက်တောင်မထားဘဲ ရက်ရက်စက်စက် ပြောဆိုတတ်တယ်..အပြစ်ပေးတဲ့နေရာမှာလည်း အားမနာတတ်သလို ခေါင်းဆောင်ကောင်းဆိုတာထက်ခေါင်းရှောင်ကောင်းတဲ့သူဆိုရင်လည်းမမှားဘူး…ဒါ့ကြောင့် သူ့ကိုသေပါစေဆိုပြီးအချိန်ပြည့် ကျိန်ဆိုရလောက်အောင် လူမုန်းများလှတယ်…အဲ့ဒီလိုမုန်းတဲ့သူတွေထဲမှာဘဲဂျင်ဆန်းရဲ့အဖွဲ့ကလက်ထောက်မန်နေဂျာ မလေး ဖြစ်တဲ့လီရူဒါ (Baek Jin Hee) လည်းအပါအဝင်ပေါ့…ဒီလိုနဲ့ တစ်နေ့တော့ ဘဲ့ဂျင်ဆန်း နဲ့ လီရူဒါတို့ အတွက် မယုံကြည်နိုင်စရာအဖြစ်အပျက်ကြီး စပါတော့တယ်…ဒီအဖြစ်အပျက်ဟာ ၂ယောက်လုံးအတွက် သွေးပျက်စရာဖြစ်သလိုရှောင်လွဲလို့လည်းမရတဲ့အခြေအနေကြီးပါပဲ….ဒီဇာတ်လမ်းတွဲဟာ သမရိုးကျဇာတ်လမ်းတွဲမဟုတ်ပါဘူး….Time Loop လိုမျိုး ဆန်းကျယ်တာတွေပါသလို…. လူတွေရဲ့ စိတ်နေစိတ်ထားတွေ ၊ လူ့ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်စဉ်နေထိုင်သင့်တာတွေကို စိတ်ဝင်စားစရာ ပညာသားပါပါ ပြသပေးထားပါတယ်…ရယ်လည်းရယ်ရသလို ဘာဆက်ဖြစ်မလဲ ရင်ခုန်ရတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကြောင့်ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါကုန်…