Towards Zero FHD

Towards Zero

Crime Drama FHD 2025

လူသတ်မှုခင်းစုံထောက်ဇာတ်ကားတွေတော်တော်များများကအစမှာကတည်းက လူသတ်မှုဖြစ်ပြီး လူသတ်သမားကိုရှာတဲ့ပုံစံမျိုးဖြစ်ကြပေမဲ့ အခုတင်ဆက်ပေးမဲ့ ဗြိတိသျှ Seriesမှာတော့ နာမည်က Towards Zero ဆိုတဲ့အတိုင်း စမှတ်ကနေဦးတည်ပြီး တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်တက်လာအောင်ဆွဲခေါ်သွားမဲ့ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပါတယ်။Mini Series ဖြစ်တဲ့အတွက် ၃ ပိုင်းတည်းသာပါဝင်ပြီးIMDb Rating 6.2 အထိရရှိထားတဲ့အတွက် လိုရင်းတိုရှင်းSeries ကောင်းတစ်ခုလို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။ဇာတ်လမ်းဇာတ်ကွက်ကိုတော့ စာရေးဆရာမ အဂါသာခရစ္စတီးရဲ့Towards Zero ဆိုတဲ့ ၀တ္ထုကိုပဲပြန်ယူပြီး မျက်စိထဲမှာရှင်းရှင်းလင်းလင်း ထင်သာမြင်သာအောင် အနည်းငယ်ပြုပြင်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ဒီ Series ရဲ့ အဓိကဇာတ်ကောင်တွေကတော့ စထရိန်းလင်မယားဖြစ်ပြီး လင်ဖြစ်သူက နဗယ်လ်စထရိန်း မယားဖြစ်သူကတော့အော်ဒရီစထရိန်းပဲဖြစ်ပါတယ်။စစချင်းကတည်းက သူတို့လင်မယားက တရားရုံးတက်နေရတာကိုမြင်ရမှာဖြစ်ပြီးအကြောင်းအရင်းကတော့ ခင်ပွန်းဖြစ်သူ နဗယ်လ်ဖောက်ပြန်တဲ့အတွက် ကွာရှင်းခွင့်ပေးဖို့ အော်ဒရီဖက်က တရားစွဲဆိုတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ငြင်းမရတော့တဲ့ နဗယ်လ်လည်း ကေအဲလိယက်လို့ခေါ်တဲ့အမျိုးသမီးနဲ့ဖောက်ပြန်နေကြောင်းဝန်ခံလိုက်ပြီး ကွာရှင်းဖြစ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ နဗယ်လ်နဲ့ ကေတို့ ဟန်းနီးမွန်းကိုနဗယ်လ်ကြီးပြင်းခဲ့တဲ့ အဒေါ်ဖြစ်သူရဲ့အိမ်မှာသွားကုန်ဆုံးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူ့ဇနီးဟောင်း အော်ဒရီကလည်း အဲ့ဒီမှာပဲသူနဲ့အတူတူကြီးပြင်းလာတဲ့အတွက် အဲ့ဒီကိုအလည်လာဖြစ်ခဲ့ပြီး ဒီလို ၃ ပွင့်ဆိုင်အချစ်နဲ့ တခြားသောသူတွေသွားရောက်ဆုံစည်းဖြစ်ခဲ့တဲ့အရာမှာတော့ ဘယ်အရာကနေစတင်ပြီး ဘယ်သူတွေ ဘယ်အကြောင်းကြောင့် အသတ်ခံရမလဲဆိုတာကို ရှုစားရမဲ့ ထူးထူးခြားခြား မှုခင်းစုံထောက် Seriesလေးပဲဖြစ်ပါတယ်။

အပိုင်းများ

Season 1