အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးSave Me S1 တင်ဆက်ပေးအပြီးမှာတော့ CM ဖန်တွေအတွက်ဆက်လက်ပြီး Save Me S2ကို ဘာသာပြန်တင်ဆက်ပေးလိုက် ရပါတယ်။ S2 ဆိုပေမယ့် ဘာသာရေးအယူသီးမှုအကြောင်းအခြေခံထားတာကလွဲရင် ဇာတ်လမ်းရော၊ ဇာတ်ကောင်တွေရောမတူညီကြတာမို့ S2 ကနေပဲ စကြည့်လို့လည်းရပါတယ်။ဇာတ်လမ်းအကျဥ်းဂင်မင်ချောဟာ အထက်တန်းကျောင်းတုန်းက အလားအလာရှိတဲ့ဂျူဒိုအားကစားသမားဖြစ်ခဲ့ပေမယ့် တရားမျှတတဲ့စိတ်ပြင်းထန်တာကြောင့် ထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့သူပါ။ တစ်နေ့ သူ့ဇာတိမြို့လေးဖြစ်တဲ့ ဝေါ်လ်ချူးရီဟာဆည်သစ်တည်ဆောက်ဖို့အတွက် ရေနစ်မြှုပ်မယ့်ဒေသအဖြစ် ရွေးချယ်ခံရပြီး လျော်ကြေးရမယ့်အကြောင်းကြားခဲ့ပါတယ်။သူ့ဇာတိမြို့ငယ်ဆီပြန်ရောက်တော့ သူစိမ်းတွေရောက်နေတာတွေ့ပြီးတစ်ခုခုထူးဆန်းနေတာကို ခံစားလိုက်ရပါတယ်။ဂင်ယုံဆွန်းကတော့ ဂင်မင်ချောရဲ့ညီမဖြစ်ပြီး သူနာပြုအတတ်ပညာကိုလေ့လာနေသူပါ။ ပြဿနာအိုးအစ်ကိုဖြစ်သူကြောင့် မြို့လေးကနေအမြန်ဆုံးထွက်သွားဖို့စီစဥ်နေသူလေးပေါ့။ အဲလိုယုံဆွန်းဆီကိုသင်းအုပ်ဆရာတစ်ယောက်က ချဥ်းကပ်လာခဲ့ပါတယ်။ချွဲဂယောင်ဆော့ကတော့ ဝေါ်လ်ချူးရီကို အကြံအစည်ဖုံးကွယ်ပြီး အပြုံးမျက်နှာနဲ့ရောက်လာတဲ့ တရားခံပြေးလူလိမ်ဖြစ်ပါတယ်။ဘာသာရေးကိုအသုံးချပြီး မြို့သားတွေရဲ့ယုံကြည်မှုကိုရအောင်ယူကာနောက်ကွယ်မှာ ငွေတွေလိမ်ပြေးဖို့ကြံနေသူပါ။သူ့အကြံအစည်တွေကို ဂင်မင်ချောတစ်ယောက် မတော်တဆသိရှိသွားပြီး ညီမဖြစ်သူနဲ့ဇာတိမြို့ဆီကျရောက်လာမယ့်အန္တရာယ်ကိုကာကွယ်နိုင်ပါ့မလား….မြို့သူမြို့သားတွေကရော ဂင်မင်ချောလိုထောင်ထွက်လူမိုက်ရဲ့စကားကို ယုံကြည်ကြပါ့မလားဆိုတာကတော့…ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်~~