Dream High FHD

Dream High

Drama FHD 2011

အိပ်မက်‌တွေဆီကို အရောက်လှမ်းနိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်တဲ့နာမည်ကြီး ဂီရင်းအနုပညာကျောင်းတော်ကြီးမှာပုံစံမတူ၊အခြေအနေမတူကြတဲ့ လူငယ်တွေစုဝေးနေပြီးသူတို့အားလုံးမှာ တူညီတာတစ်ခုက ပွဲဦးထွက်ပြီးတောက်ပတဲ့ကြယ်ပွင့်‌လေးတွေ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတည်းပါပဲလူအများရှေ့မှာ လင်းလက်နေချင်တဲ့အလင်းရောင် ထွက်ပေါ်ခါစ ကြယ်ပွင့်လေးတွေရဲ့တစ်လှမ်းချင်းလှမ်းရင်း တလက်လက်တောက်ပလာပုံကို ကြည့်နေရတာကဒီကားရဲ့အရသာဆိုတာ ရင်းနှီးတဲ့လူတိုင်း သိလောက်မှာပါ။ အရည်အချင်းရှိရင်ရှိသလောက် ကြိုးစားရင်ကြိုးစားသလောက်ဘယ်လောက်ပဲမြင့်မားတဲ့အိပ်မက်ဖြစ်နေပါစေကြိုးစားနေသ၍ အောင်မြင်မှုဆိုတာ ရှိစမြဲပဲဆိုတာကို ပြောပြပေးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ပါဝင်အားဖြည့်ထားတဲ့ Cast တွေကလည်းလက်ရှိမှာဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ နာမည်ကြီးအနုပညာရှင်တွေပါပဲ။ – ကျေးတောရွာလေးက အရည်အချင်းရှိတဲ့ လူငယ်လေးအဖြစ်(Kim Soo Hyun) – မွေးကတည်းက ရွှေဘုံနန်းစံလေး ဖြစ်ပြီး အထိမခံ မာန‌ခဲလေးအဖြစ်(Bae Suzy) – အရည်အချင်းရှိရဲ့သားနဲ့ အိပ်မက်ကိုတက်လှမ်းဖို့ လမ်းစပျောက်နေတဲ့ လူငယ်လေးအဖြစ် (2PM-Ok Taecyeon) – ဘုရားပေးတဲ့ဆုလာဘ်အနေနဲ့ ချိုသာတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ ကောင်မလေးအဖြစ် (IU) – အရည်အချင်းရှိပြီး အလားအလာကောင်းတဲ့ အကသမားအဖြစ် (2PM-Jang WooYoung) – သူတို့အကုန်လုံးရဲ့မှီခိုရာအားထားရာ ဆရာအဖြစ် Penthouseထဲက အားလုံးရဲ့ အချစ်တော် ဂျူဂျူကြီး(Um Ki Joon)တို့အပြင်JYP တို့ Bae Young Joon တို့လို တခြားနာမည်ကြီးအနုပညာရှင်ပေါင်းများစွာလည်း ပါဝင်ခဲ့ကြပါတယ်။အခုနောက်ပိုင်းသိပ်မတွေ့ရတော့တဲ့Dream High လိုကားမျိုးက Old But Goldစာရင်းဝင်ပါပဲ။ဒါကြောင့် အရင်ကတည်းက နာမည်ကြီးခဲ့ပြီးအခုချိန်ထိအမှတ်တရကျန်ရစ်နေခဲ့တဲ့ Dream Highကိုပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။