အယ်ရင်းဆိုတဲ့ ရေသူမလေးက သူရှိတဲ့ ဟန်မြစ်နားလေးကို ရိုက်ကူးရရေးလာလုပ်ပြီး မတော်တဆ ရေထဲပြုတ်ကျသွားတဲ့ဂွန်ရှီဂယောင်းဆိုတဲ့ စားဖိုမှူးလေးကို...အနမ်းတစ်ပွင့်နဲ့ ကယ်တင်ပေးပြီးတဲ့အခါ ဂွန်ရှီဂယောင်းကို ချစ်မိသွားပါတယ်...အဲဒီလိုနဲ့ ရေသူမလေး အယ်ရင်းက ရှီဂယောင်းနဲ့ နောက်ထပ်ပြန်တွေ့ရဖိုအတွက်စုန်းထီးအန်ရဲ့ မှော်ဆေးရည်ကို ခိုးသောက်လိုက်ပြီး လူသားဖြစ်လာပါတော့တယ်...ဒါပေမဲ့ အဲဒီဆေးသောက်ပြီးလိုရက်၁၀၀ အတွင်း အချစ်စစ်ကို ရှာမတွေ့ရင် သေသွားမှာကိုတော့ မှော်ဆေးရည်ကို သောက်ပြီးမှပဲ အယ်ရင်းတစ်ယောက်သိလိုက်ရပါတော့တယ်...စုန်းထီးအန်ရဲ့ အကူအညီနဲ့ပဲ ရေသူမလေးအယ်ရင်းအဖြစ်ကနေ လူသားမလေး ဟာနီအဖြစ်ဆိုးလ်မြိုပေါ်က အလုပ်ရဖို ကြိုးစားနေတဲ့ အလုပ်လက်မဲ့ လူငယ်တွေ စုနေတဲ့ အိမ်မှာနေဖို ဖြစ်လာပြီး...ရှီဂယောင်းရဲ့ အချစ်ကို ရဖို ကြိုးစားရင်း တစ်အိမ်တည်း အတူတူနေတဲ့လူငယ်လေးတွေနဲ့လည်းသံယောဇဥ် တွယ်သွားပါတော့တယ်...ရေသူမလေး အယ်ရင်းက ရက်၁၀၀ အတွင်း တကယ်ပဲ အချစ်စစ်ကို ရှာတွေ့ပြီး လူသားဖြစ်လာမလား...