အပိုင်းခုနစ်ပိုင်းနဲ့ထွက်ရှိလာတဲ့ ဒီစီးရီးက ဆူနေးလ်ဂူပ်တားဆိုတဲ့ ထောင်ဝန်ထမ်းအသစ်တစ်ယောက်ရဲ့အမြင်ကနေ ဖန်တီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်သံဇာတ်လမ်းတွဲပေါ့။၁၉၈၀ကျော်ကာလ….။ထောင်ဝန်ထမ်းဖြစ်ဖို အလုပ်လျောက်တဲ့ ဆူနေးလ်။ထုံးစံအတိုင်း အင်တာဗျူးမှာ ဘာလို ဒီအလုပ်ကိုလျောက်ချင်တာလဲမေးတော့ထုံးစံအတိုင်းပဲ နိုင်ငံတော်ကြီးက လိုအပ်နေတာ ဘလာဘလာပေါ့။အမှန်အတိုင်းပြောဆိုတဲ့အချိန်မှာ ကျွန်တော့်မိသားစု အဆင်မပြေလို ဒီကလည်း အလုပ်ခေါ်နေလိုတဲ့။ဒါပေမဲ့ ထောင်စောင့်တစ်ယောက်က အရပ်ရှည်ရှည် သန်သန်မာမာလူကိုလိုတာ။ ဆူနေးလ်ကကျပျော့တိပျော့ဖတ် အရပ်ကလည်းပုတလက်နဲ့ဆိုတော့ မင်းနဲ့မကိုက်ညီဘူးပေါ့။ဒါပေမဲ့ ဆူနေးလ်ရဲ့ ယုံကြည်ချက်ရှိရှိ ဖြေဆိုမှုတွေကြောင့် အလုပ်ရသွားခဲ့တယ်။ဘာမှမသိနားမလည်တဲ့ ဆူနေးလ်တစ်ယောက် သပွတ်အူလိုရှုပ်ထွေးလှတဲ့ ထောင်လောကထဲကိုရောက်သွားတဲ့အခါမှာတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်မှာ တဖြည်းဖြည်းပြောင်းလဲလာပုံကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုကြရမှာပါ။