My Girlfriend's Child FHD

My Girlfriend's Child

Drama FHD 2024

ဆယ်ကျော်သက်တဲ့ .. ၊ သိပ်ကို စိတ်ကူးယဉ်လို့ကောင်းပြီး အရာရာကိုနားလည်စပြုလာတဲ့ဘဝရဲ့ သိပ်ကိုပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု .. ရည်မှန်းချက်ကိုယ်စီ မျှော်လင့်ချက်ကိုယ်စီနဲ့ကိုယ့်ရဲ့ပန်းတိုင်ကိုလျှောက်လှမ်းဖို့ စိတ်အားထက်သန်မှုတွေ ပြည့်ဝနေတဲ့ အချိန်ကာလလေး… ပြောရမယ်ဆိုရင် တာဝန်ဆိုတာ ကျောင်းစာနဲ့ စာမေးပွဲလောက်သာ စိတ်ထဲရှိတဲ့ ကျောင်းနေအရွယ်လေးတွေပေါ့လေ .. တာ့ကာရနဲ့ဆချီတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက် .. ၊ တာ့ကာရက ကျောင်းတွင်းမှာ ထူးချွန်တဲ့အားကစားသမားဖြစ်ပြီးတောက်ပတဲ့အနာဂတ်တစ်ခုကို မျှော်မှန်းနေတဲ့ကျောင်းသားလေးဖြစ်ပြီးတော့ ဆချီကတော့ ချစ်ရသူကိုအရာရာပုံအပ်ထားတဲ့ သာမန် ပျော်ရွှင်တဲ့ကျောင်းသူလေးပေါ့လေ။ဒါပေမဲ့ ဆယ်ကျော်သက်စုံတွဲတွေရဲ့ မဟာအိပ်မက်ဆိုးကြီးတစ်ခု ဒီစုံတွဲဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ အဲဒါကတော့ ဆချီနဲ့တာ့ကရတို့ အတူနေချိန်မှာ ကွန်ဒုံးပေါက်သွားပြီးဆချီတစ်ယောက် ကိုယ်ဝန်ရလာတာပါပဲ။အသက်မပြည့်သေးတဲ့ချစ်သူတွေကြား ကိုယ်ဝန်ရလာတဲ့အခါမှာ တစ်ခုတည်းသောရွေးစရာကကိုယ်ဝန်ဖျက်ချတာပဲလို့ လူတိုင်းထင်ကြပေမဲ့ ဆချီနဲ့ တာ့ကာရကတော့ ရဲတင်းစွာနဲ့ပဲဒီကလေးလေးရဲ့ မိဘတွေဖြစ်ဖို့ ရွေးချယ်လိုက်ချိန်မှာတော့….စိတ်ကစားတတ်တဲ့အရွယ်ရယ်လို့ ရောက်လာပြီဆိုရင် ချစ်သူရည်းစားကိစ္စ ချစ်တင်းနှောတာတွေကိုယ်ဝန်တွေ အစရှိသဖြင့် ရှောင်လွှဲမရနိုင်တဲ့ ကိစ္စတွေ .. Teen sex education နဲ့သူ့ရဲ့အကျိုးဆက်တွေကို ကိုယ့်ရဲ့လုပ်ရပ်ကို တာဝန်ယူနိုင်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုတာကိုသေချာရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာမိုလို့ ကြည့်ရှုခံစားနိုင်ဖို့ အခုပဲ တင်ဆက်ပေးလိုက်ရပါတယ်။