“ဟာနာ နှင့် ရီချီ”“ဟာနာ”ဆိုတဲ့မိန်းကလေးက Girl Manga တွေရေးတဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။သူကတော့ အထက်တန်းကျောင်းseniorဘဝကတည်းက Mangaတွေကိုစတင်ရေးသားခဲ့ပြီး အလုပ်ထဲမှာပဲဘဝကိုမြှုပ်နှံထားသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့စာမူတွေအပ်ပြီးပြန်အလာ လမ်းမှာရှိတဲ့မှန်တစ်ချပ်ထဲမှာ သူမရဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရပါတယ်။အလုပ်ကလွဲပြီးကျန်တာကိုဂရုမစိုက်ခဲ့တဲ့ဟာနာတစ်ယောက် fashionအမြင်မရှိ ဖရိုဖရဲဖြစ်နေမှန်းသိလိုက်ရတဲ့အခါသူမရဲ့ပုံစံကိုပြောင်းပစ်ဖို့ဆလွန်းတစ်ခုကို သွားလိုက်ပါတယ်။ အဲဒီဆလွန်းမှာတော့ ဆံပင်ညှပ်တော်ပြီးခံ့ညားတဲ့ ရီချီဆိုတဲ့Hairstylistတစ်ယောက်ရှိနေခဲ့ပါတယ်။“ရီချီ”ကတော့ Modelမင်းသမီးတွေကိုပါ hairstyleပြင်ပေးရလေ့ရှိတဲ့ခပ်မိုက်မိုက်Hairstylistတစ်ယောက်ပါ။သူ့အနားမှာမိန်းကလေးတွေဝိုင်းဝိုင်းလည်နေပေမဲ့ hairstyleတွေကိုပဲအမြဲတမ်းသင်ယူလေ့လာမှုတွေပဲပြုလုပ်နေခဲ့လို့ရည်းစားကိုဂရုမစိုက်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက်နဲ့ပြတ်စဲခဲ့ရတာကြောင့် ရည်းစားထပ်မထားဘဲ အလုပ်ကိုသာ အချိန်ပြည့်ကြိုးစားနေခဲ့ပါတယ်။တစ်နေ့မှာတော့သူ့ဆလွန်းကို ကပိုကရိုနဲ့အနွေးထည်အထူကြီးဝတ်ထားတဲ့မိန်းကလေးတစ်ယောက် ဆံပင်ညှပ်ဖို့ရောက်လာခဲ့ပါတယ်။ဆံပင်ညှပ်ပေးရင်း စကားစမြည်ပြောမိတဲ့အခါဟာနာရဲ့အလုပ်အပေါ်ထားတဲ့လေးနက်မှုတွေ စိတ်အားထက်သန်မှုတွေကိုမြင်ပြီးသဘောကျသွားခဲ့ပါတယ်။ဟာနာကလည်း သူ့ရဲ့Mangaတွေထဲကလို စကားပြောကောင်းပြီးခံ့ညားတဲ့cool guy ရီချီကိုသဘောကျနေခဲ့ပါတယ်။ဒီလိုနဲ့ Love at first sightမှာပဲ ဖွင့်ပြောကာ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဟာနာကအလုပ်လုပ်ရပြီဆိုရင် ဖုန်းစက်ပိတ်ထားပြီးရည်းစားကိုတောင်အဖက်မလုပ်တဲ့သူပါ။အလုပ်သရဲလေးဟာနာကို ရီချီကနားလည်ပေးပြီး အစစအရာရာဂရုစိုက်ပေးကာ Mangaရေးဖို့အတွက်ကိုပါ ကူညီပေးတာတွေကို ကြည်နူးစွာနဲ့ကြည့်ရှုရမှာပါ။Min lead နှစ်ယောက်ရဲ့chemistryမိမိသရုပ်ဆောင်မှုနဲ့အတူsceneတွေကလည်းတကယ်ကိုကြည့်ရင်းပြုံးမိစေလောက်အောင် ကြည်နူးစရာကောင်းတာမို့လို့ ကြည့်ရှုနိုင်စေဖို့တင်ဆက်လိုက်ရပါတယ်…။