The Science Club FHD

The Science Club

Drama FHD 2024

အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ဂျပန်စီးရီးလေးဖြစ်ပါတယ်။ အဓိက ပါဝင်တဲ့ မင်းသား Masataka Kubota ကတော့အားလုံးသိကြတဲ့ Death Note(2015) မှာလည်း Light နေရာကနေ ပါဝင်ထားပြီးတော့Tokyo Ghoul (2017) Live Version မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။သိပ္ပံပညာမှာ ကျွမ်းကျင်တဲ့ ဖူဂျီတာကဲဆိုတဲ့သူဟာ သုတေသနလုပ်စရာရှိတဲ့အတွက်တိုကျိုမြို့က အရှေ့ရှင်ဂျူကူအထက်တန်းကျောင်းမှာ ညကျောင်းရဲ့ သိပ္ပံဆရာအဖြစ်နဲ့သွားရောက်လုပ်ကိုင်လျက်ရှိပါတယ်။ဒီညကျောင်းကို ဘာလို့ သွားလုပ်ရတာလဲဆိုရင် သူ့ရဲ့ သုတေသနအတွက်လက်ရွေးစင်အဖွဲ့ဖွဲ့ပြီးတော့ စမ်းသပ်မှုတွေ ပြုလုပ်ချင်လို့ပါပဲ ..ဒီညကျောင်းဟာဆိုရင်တော့ အသက်အရွယ်အစုံရှိပြီး တစ်ယောက်စီရဲ့ဘဝဇာတ်ကြောင်းတွေဟာလည်း ခက်ခဲမှုတွေကို ဖြတ်သန်းလာခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်။ဒီအထဲမှာမှ ရာနဂီဒါဆိုတဲ့ကောင်လေးဟာ စာဖတ်ရခက်တဲ့ရောဂါကို ခံစားနေရသူဖြစ်ပြီးသူကိုယ်တိုင်လည်း မသိသလို သူ့မိဘအသိုင်းအဝိုင်းတွေကလည်း မသိကြပါဘူး။ဆရာဖူဂျီတာကဲနဲ့တွေ့ပြီးမှ ဒီရောဂါအကြောင်းကို သိရသူတစ်ယောက်ပေါ့သူဟာ ဆရာဖူဂျီတာကဲရဲ့အတန်းမှာ စာမဖတ်တတ်တာကလွဲရင် သင်္ချာနဲ့ ရူပဗေဒ ပုစ္ဆာတွေကိုမေးလိုက်တာနဲ့ တန်းပြီးတော့ အဖြေတွက်ပြနိုင်တဲ့အထိကို တော်တဲ့သူတစ်ယောက်ပါ။ဒီလိုနဲ့ ဆရာဖူဂျီတာကဲတစ်ယောက် သူလိုချင်တဲ့ လက်ရွေးစင်အဖွဲ့ကိုဒီညကျောင်းလေးကနေ ရသွားမလား ……..ညကျောင်းက ကျောင်းသားတွေအပေါ် ဆရာတစ်ယောက်အနေနဲ့ဘယ်လို ထိန်းကျောင်းသွားမလဲ …..သူ သုတေသနလုပ်ချင်တဲ့ စမ်းသပ်မှုဆိုတာကရော ဘာဖြစ်မလဲ…ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်….