Modern Farmer FHD

Modern Farmer

မင်ဂီတို့ သူငယ်ချင်းလေးယောက်က ဟုန်းဒယ်မှာ နာမည်ကြီးလို့အမည်တပ်ခံရတဲ့ rock band ဖြစ်ခဲ့ရာကနောက် ၇ နှစ်လည်းကြာတော့ တစ်ယောက်တစ်နေရာစီနဲ့ ငမွဲတွေဖြစ်သွားကြတယ်မွဲတကာ့ထိပ်ခေါင်တွေဖြစ်နေတုန်းမှာပဲ အယ်လ်ဘမ်အသစ်ထုတ်ချင်နေတဲ့ မင်ဂီကသူရဲ့အဘွား အမွေပေးထားတဲ့ လယ်မှာ မုန်ညင်းထုပ်စိုက်ရောင်းမယ်ဆိုပြီးမင်ဂီကပဲ သူငယ်ချင်းတွေကို လိုက်စည်းရုံး ရွာပြန်ပြီး လယ်လုပ်ကြတာက ဇာတ်လမ်းစတာပါပဲရော့ခ်စတား မြို့သားကြီးတွေ ရွာပြန်လယ်စိုက်တော့ တစ်နေ့တစ်မျိုးမရိုးရအောင်ကို အမှားတွေရော အလွဲတွေရော ဖြစ်ကြရော…ရွာသားတွေကလည်း မခေဘူး တစ်ယောက်တစ်မျိုးဇာတ်လမ်းတွေနဲ့…နောက်ဆုံးကျ မင်ဂီတို့ သူတို့မျှော်လင့်ထားသလို အချီကြီးပွပြီး နောက်ထပ် အယ်လ်ဘမ်ထုတ်နိုင်ဦးမလားဆိုတာကို ကြည့်ရမှာပါပြောရရင် ဒီဇာတ်လမ်းတွဲက K drama ကြည့်နေကျမဟုတ်တဲ့သူတွေတောင် သဘောကျတဲ့ဇာတ်လမ်းပါဟာသကြိုက်တဲ့လူတွေအတွက်တော့ ကလိမထိုးဘဲရယ်ရမယ့် ဇာတ်လမ်းမျိုးပါ