Boo, Bitch FHD

Boo, Bitch

အယ်ရစ်ကာက ပေါ်ပြူလာမဖြစ်တဲ့ သာမန်ကျောင်းသူတစ်ယောက်ပါ။Nerdy Teen လေးတွေပုံစံအတိုင်း သူ့ရဲ့တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်း ဂျီရာ ရှိတယ်တခြားသူတွေကတော့ သူ့ကိုရှိနေမှန်းတောင်မသိကြပါဘူး။အယ်ရစ်ကာ နဲ့ဂျီရာ က အထက်တန်းပြီးခါနီးမှာ ပါတီတစ်ခုကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ပါတီမှာ အဆင်မပြေလောက်ဘူးတွေးထားပေမယ့် တကယ်တော့ပြေခဲ့တယ်။အယ်ရစ်ကာကလဲသူ့crush လေးနဲ့ first kiss တောင်ရလုနီးနီး ဖြစ်ခဲ့တာပေါ့။အဲလိုတွေ အဆင်ချောနေတော့ ပါတီကအပြန်လမ်းမှာသူတို့သူငယ်ချင်းနှစ်ယောက် ကြောက်မနေဘဲ ဘဝကိုပျော်ပျော်နေမယ်ပြောနေကြရင်း…..နောက်နေ့မနက် အယ်ရစ်ကာ နိုးတော့ အိမ်ကိုဘယ်လိုရောက်ခဲ့မှန်းမသိဘူး။သူ ပျောက်သွားတဲ့ဆွဲကြိုးကိုသွားရှာရင်း သူနဲ့သူ့သူငယ်ချင်းတွေ့တာကသမင်ကြီးအောက်မှာရောက်နေတဲ့အလောင်း နဲ့ အလောင်းမှာစီးထားတာက အယ်ရစ်ကာ့ဖိနပ်။အယ်ရစ်ကာတစ်ယောက်သေသွားပြီလား? ဘယ်လိုသေသွားတာလဲ?အဲဒါဆိုအခုဆွဲကြိုးလိုက်ရှာနေတာကဝိဥာဥ်လား?သူ့သူငယ်ချင်းကရောဘာလို့သူ့ကိုမြင်နေရတာလဲ?သူ အပြင်သွားကြည့်တော့လဲ လူတွေကသူ့ကိုမြင်ရပေမယ့်သူ ဝိဥာဥ်ဖြစ်ကြောင်းပြနေတဲ့လက္ခဏာတွေကရှိနေပြန်သေးတယ်။အဲတော့ဝိဥာဥ်လားလူလားတောင် သူ့ကိုယ်သူမသိတဲ့အယ်ရစ်ကာတစ်ယောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ပါဦး။