Crime ၊ Mystery နဲ့ Thriller အမျိုးအစားဆိုပေမယ့်စိတ်အေးလက်အေးအပန်းပြေကြည့်လို့ရတဲ့မီနီစီးရီးဖြစ်တဲ့အပြင်လူသတ်ကားကို စိတ်ဖိအားတွေတောင်ပျောက်သွားအောင်ရိုက်ကူးထားတာတဲ့ပုံစံက ဒီစီးရီးရဲ့ထူးခြားချက်လို့ပြောရမှာပါ။Murder Mindfully ဆိုတဲ့နာမည်အတိုင်းပဲ အဓိကဇာတ်ကောင်ရှေ့နေဘီယွန်ဒီမဲလ်ဟာ အလုပ်နဲ့မိသားစုကဖိအားတွေကြောင့်အလုပ်နဲ့ဘဝမျှတတဲ့လူနေမှုဘဝကိုရအောင် သတိကပ်စိတ်ဖြေလျှော့တဲ့လေ့ကျင့်စဥ်တွေလုပ်ဆောင်ရင်း မထင်မှတ်ဘဲလူတွေအများကြီးသတ်မိပြီး လူဆိုးဂိုဏ်းကြီးတစ်ခုရဲ့နောက်ကွယ်ကကြိုးကိုင်ခြယ်သူတစ်ယောက်ဖြစ်လာပုံကို ဟာသနှောရိုက်ကူးထားဖြစ်ပါတယ်။