Ronja the Robber's Daughter FHD

Ronja the Robber's Daughter

ဓားပြသမီးရွန်ယာဟာ ၁၉၈၁ ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့တဲ့ဆွီဒင်စာရေးဆရာ Astrid Lindgren ရဲ့ကလေးပုံပြင်စာအုပ်ကို Live-Action တီဗီစီးရီးအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။စကန်ဒီနေးဗီးယားအလယ်ခေတ်အစောပိုင်းမှာ မားတစ်ဓားပြအဖွဲ့ဟာတောအုပ်ကြီးထဲက မားတစ်ခံတပ်မှာစခန်းချနေထိုင်လျက်ရှိပါတယ်။မိုးကြိုးမုန်တိုင်းတိုက်တဲ့တစ်ညမှာ ဓားပြခေါင်းဆောင်မားတစ်ရဲ့သမီးလေးမွေးဖွားခဲ့ပြီး ရွန်ယာလို့နာမည်ပေးခဲ့ပါတယ်။အဲဒီညမှာပဲ မိုးကြိုးပစ်လို့ မားတစ်ခံတပ်ကြီးက နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအရွယ်ရောက်လာတဲ့ရွန်ယာကိုဓားပြကြီးမားတစ်ဟာ အရိပ်တကြည့်ကြည့်နဲ့ချစ်မဝခင်မှာပဲ နှစ်ခြမ်းဖြစ်နေတဲ့ခံတပ်ရဲ့မြောက်ဘက်ခြမ်းကို မားတစ်ရဲ့ကမ္ဘာ့ရန်ဘက် ဘော်ကာဓားပြတွေက ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ အက်ကွဲကြောင်းတစ်ခုပဲခြားတဲ့ခံတပ်ကြီးထဲမှာရွန်ယာဟာ တခြားတစ်ယောက်တည်းသောကလေးဖြစ်တဲ့ဘော်ကာရဲ့သားဘိခ်နဲ့ခင်မင်သွားခဲ့ပါတယ်။ရွန်ယာနဲ့ဘိခ်ဟာ မိသားစုတွေရဲ့အမုန်းတရားတွေအပြင်တောအုပ်ထဲက လျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေကိုလည်း ရင်ဆိုင်ကျော်လွှားကြရမှာဖြစ်ပါတယ်။

အပိုင်းများ

Season 1