The Perfect Couple FHD

The Perfect Couple

အမေရိကန်နိုင်ငံ Massachusettsပြည်နယ်ထဲက Nantucketကျွန်းပေါ်မှာဘိုးစဉ်ဘောင်ဆက်ချမ်းသာကြွယ်ဝတဲ့ Winbury မိသားစုနေထိုင်ပါတယ်။အိမ်ထောင်ဦးစီးဖြစ်သူ Tag Winbury ဟာ ကျွန်းပေါ်မှာ ဂုဏ်သတင်းအတော်ကျော်ကြားသလို သူ့ဇနီး Mrs.Greer Winbury ဟာလည်းအောင်မြင်တဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။သားသုံးယောက်ရှိပြီး အိမ်ထောင်သက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Mr နဲ့Mrs Winbury တို့ကို “ပြီးပြည့်စုံတဲ့ စုံတွဲ”လို့ လူအများကတင်စား‌ကြပါတယ်။ သူတို့သားအလတ်ဖြစ်တဲ့ Banjiရဲ့ လက်ထပ်ပွဲအကြိုနေ့ညစာစားပွဲမှာ ဇာတ်လမ်းစတင်ထားပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့အကုန်ချောချောမွေ့မွေ့အဆင်ပြေလျက်ပါပဲ။ဒါပေမဲ့ လက်ထပ်ပွဲလုပ်မဲ့ မနက်မှာ သူတို့ Winbury အိမ်ကြီးရဲ့‌ပိုင်နက်ဖြစ်တဲ့ ပင်လယ်ကမ်းစပ်မှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူဟာလည်း လက်ထပ်ပွဲအတွက်အရေးပါတဲ့လူဖြစ်ပြီးလက်ထပ်ပွဲတက်ဖို့ Winbury အိမ်မှာလာတည်းတဲ့ဧည့်သည်ပါ။ဒီလိုနဲ့လက်ထပ်ပွဲလည်းပျက်၊ Winbury မိသားစုလည်းရဲစခန်းမှာစစ်မေးခံရ၊ တစ်စတစ်စနဲ့ Winbury မိသားစုရဲ့အရှုပ်တော်ပုံတွေတစ်ခုချင်းစီပေါ်လာပါတော့တယ်။ “ပြီးပြည့်စုံတဲ့ စုံတွဲ”လို့သတ်မှတ်ခံထားရတဲ့ Mr & Mrs Winbury တို့က တကယ်ရော ပြီးပြည့်စုံနေတာဟုတ်ရဲ့လား၊ Winbury မိသားစုထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ၊ဘယ်သူက ဘယ်သူ့ကို ဘာကြောင့်သတ်လိုက်လဲဆိုတာတွေကိုတော့စီးရီးထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအစက‌နေအဆုံးထိTempoကောင်းကောင်းနဲ့ဆွဲခေါ်သွားတာဖြစ်လို့ Crime/Mystery အမျိူအစား ကြိုက်နှစ်သက်သူတွေလည်းသဘောကျမိမဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။

အပိုင်းများ

Season 1