Pasta FHD

Pasta

Comedy Drama FHD 2010

ထိပ်တန်း အီတလီဟင်းလျာစားဖိုမှူး ဖြစ်ဖို့ အိပ်မက်ရှိတဲ့မိန်းကလေး “ဆောယူဂယောင်း”။သူမဟာ ထိုအိပ်မက်ကို ပိုက်ထွေးရင်း နာမည်ဂုဏ်သတင်းကြီးလှတဲ့အီတလီစားသောက်ဆိုင် “လာစဖဲရာ” မှာ ၃ နှစ်တာ အလုပ်လုပ်ခဲ့တယ်။ဒီလိုနဲ့ သူမအိပ်မက်တွေ ဖြစ်မြောက်လာဖို့ လက်တစ်ကမ်းအလိုမှာပဲသူမရဲ့ အလုပ်ခွင်ကို “ချွဲဟျွန်းအု” ဆိုတဲ့ ခေါင်းဆောင်စားဖိုမှူးအသစ်ရောက်ရှိလာပြီး မိန်းကလေးတွေဟာ fine dining နယ်ပယ်မှာအရည်အချင်းပြည့်မီအောင် မချက်နိုင်ကြဘူးဆိုတဲ့ အကြောင်းပြချက်နဲ့မိန်းကလေးတွေအားလုံးကို အလုပ်ထုတ်တော့တယ်။ဒါပေမဲ့ ဆောယူဂယောင်းဟာ လက်မလျှော့ခဲ့ပါဘူး။သူမဟာ အလုပ်ကို မရမကပြန်ပြီး ပါရမီရှိပေမဲ့ ဒေါသကြီးလှတဲ့စားဖိုမှူးချွဲအရှေ့မှာ သူမတန်ဖိုးကို သက်သေပြဖို့ ကြိုးစားတော့တယ်။ဒီလို တင်းမာမှုတွေ၊ မီးဖိုချောင်ထဲက ပြိုင်ဆိုင်မှုတွေကြားထဲနှစ်ဦးသား ချစ်ကျွမ်းဝင်သွားတဲ့အခါ လုပ်ငန်းခွင်က စိန်ခေါ်မှုတွေ၊ပုဂ္ဂိုလ်ရေးရာဖိအားတွေစတဲ့ အခက်အခဲတွေကိုဘယ်လို ရင်ဆိုင်ဖြတ်သန်းသွားကြမလဲဆိုတာကို အရသာရှိတဲ့ပါစတာတွေနဲ့အတူ မြူးမြူးကြွကြွလေး ကြည့်ရှုရမှာဖြစ်ပါတယ်။