The Smile Has Left Your Eyes FHD

The Smile Has Left Your Eyes

Bad Boy ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား Seok In Guk, အမြဲတမ်း ကြည်လင်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီး Jung So Min နဲ့ မင်းသားကြီး Park Sung Woong တို ပါဝင်ရိုက်ကူးထားပါတယ်။စုံထောက်တစ်ယောက်ဖြစ်တဲ့ ယူဂျင်ဂုဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက် အသတ်ခံရတဲ့ အမှုကို စုံစမ်းရင်းနဲ့ အတိတ်မေ့နေတဲ့ ထူးဆန်းတဲ့ အကျင့်စရိုက်ပိုင်ရိုင် ဂင်မူယုံနဲ့ ဆုံတွေ့ခဲ့ရပါတယ်။‌အေးတိအေးစက်နဲ့ လျိုဝှက်ချက်တွေ ပြည့်နေတဲ့ ဂင်မူယုံက ယူဂျင်ဂုရဲ့ ညီမလေး ယူဂျင်ဂန်နားကို ချဉ်းကပ်လာတဲ့ အခါမှာ‌‌တော့ ယူဂျင်ဂုဟာ ဂင်မူယုံဆီကနေ ညီမဖြစ်သူကို ကာကွယ်ဖို့ အပြင်းအထန် ကြိုးစားပါတော့တယ်။ဂင်မူယုံနဲ့ ယူဂျင်ဂန်မှာလည်း တူညီတဲ့ အပူလောင်ဒဏ်ရာအမာရွက်တွေ ရှိနေခဲ့တဲ့အပြင် သူတိုကိုယ်တိုင်တောင် မသိလိုက်ဘဲ သံယောဇဉ် ငြိတွယ်လာတဲ့အခါ သူတိုအချစ်ရေးက ချောမွေ့နိုင်ပါ့မလား?ဖုံးကွယ်ထားခဲ့တဲ့ သူတိုသုံးယောက်နဲ့ ပတ်သက်တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေ ပေါ်ပေါက်လာပြီး ဘယ်လို အဆုံးသတ်သွားမလဲ? ဆိုတာကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။