ဒီကားလေးကတော့ ရာသီဥတုကားနေရာမှာ အစားလာတဲ့ကားလေးဖြစ်ပြီး main cast တွေအနေနဲ့ Lee EI, Lee Min ki, Kim Ji Won, နဲ့ Son Suk Ku တို့ပါဝင်ထားပါတယ်။ မောင်နှမသုံးယောက်နဲ့ သူစိမ်းတစ်ယောက်တို့ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ~ လာရောက်နေထိုင်သူထက် ပြောင်းရွှေ့ထွက်ခွာသူက ပိုများနေတဲ့ Sanpo ဆိုတဲ့ရွာလေးမှာ Yeom မောင်နှမသုံးယောက် နေထိုင်ပါတယ်။Yeom Ki Jung – မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး သွေးဆူလွယ်တဲ့ စရိုက်ရှိသူပါ။ Sanpo ရွာကနေ ဆိုးလ်ကအလုပ်ဆီ နေ့တိုင်းကူးသန်းသွားလာနေရလို့ အချိန်အမြောက်အမြား ကုန်ဆုံးနေသူဖြစ်ပါတယ်။ ဘဝကြီးက စိတ်မကျေနပ်မှုတွေနဲ့ပြည့်နေပြီး အချစ်ကို ရှာဖွေချင်နေတဲ့သူတစ်ယောက်ပါ။Yeom Change Hee – အလတ်ကောင်လေးဖြစ်တဲ့သူကတော့ အိမ်ကနေ ထွက်ပြေးချင်နေပါတယ်။ ဒါပေမယ့် အိပ်မက်မရှိဘဲ ဘဝကြီးကို အဓိပ္ပာယ်မဲ့ကုန်ဆုံးနေလို့ မိသားစုရဲ့အထင်သေးခံနေရတဲ့သူလေးပါ။Yeom Mi Jung – အငယ်ဆုံးညီမလေးကလည်း ပျင်းရိစရာကောင်းတဲ့ ဘဝကြီးကနေ လွတ်မြောက်ချင်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ရှက်ကြောက်တတ်တဲ့သူလေးဖြစ်တာကြောင့် အထီးကျန်ပြီး မပျော်ရွှင်ဖြစ်နေသူလေးတစ်ယောက်ပါ။ဒီမောင်နှမသုံးယောက်စလုံးရဲ့ တူညီတဲ့အချက်ကတော့ မွန်းကြပ်ဖို့ကောင်းတဲ့ ဘဝကြီးကနေ လွတ်မြောက်ချင်နေတာပဲဖြစ်ပါတယ်။တစ်ရက် သူတို့အိမ်နားကို Mr.Goo ဆိုတဲ့ အရက်သမားတစ်ယောက် ရောက်ရှိလို့လာပါတယ်။ ထူးခြားဆန်းကြယ်တဲ့လူဖြစ်နေလို့ သူ့ရဲ့လက်တွေ့ဘဝအကြောင်းကို မောင်နှမသုံးယောက်လုံးက သိချင်နေပါတယ်။ဒီလိုနဲ့ သူတို့ရဲ့ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဘဝထဲ သူစိမ်းတစ်ယောက် ဝင်ရောက်လာတဲ့အခါမှာတော့ Yeom မောင်နှမသုံးယောက်ရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှူစားလိုက်ကြပါဦးနော် …