ကိုလံဘီယာမှာတော့ ကိုကင်းတွေအကြီးအကျယ်ထုတ်လုပ်ပြီး အက်စ်ကိုဘာတို့တွေCali Cartel တို့တွေအလုပ်ဖြစ်ခဲ့ကြပြီး Mexico မှာတော့ Marijuanaလို့ခေါ်တဲ့ အများအခေါ် weed ကိုဘယ်လိုတွေမျက်လုံးပြူးလိုက်စရာ အကြီးအကျယ်စီးပွားရှာကြလဲ။ကိုလံဘီယာက Madellin Cartel နဲ့ Calli Cartel တို့လိုပဲ မက္ကဆီကိုနိုင်ငံမှပထမဆုံး Narcos Cartel တစ်ခုဘယ်လိုဖြစ်တည်လာလဲဆိုတာကိုတွေ့ရမှာပါ။ေ့ရှ Season တွေနဲ့မတူပဲ Cast အသစ်တွေနဲ့ရသတစ်မျိုးခံစားရမှာဖြစ်သလိုအစပိုင်းဇာတ်ပျိုးဖို့အရှိန်ယူထားပြီးမှ ကြမ်းပြမယ့် Season ပါ။ယခု Mexico:Season 1 မှာအပိုင်း ၁၀ပိုင်းပါရှိပြီး IMDb rating အနေနဲ့လည်း8.8 အထိရရှိထားပြီးဖြစ်ပါတယ်။ Narcos ပရိသတ်များစောင့်စားကြည့်ရှုကြပါကုန်။