ဟယ်ဝန်း (Park Min Young) ဟာစိတ်ထားကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်…သူမဟာ ဂီတပိုင်းမှာ ပါရမီပါပေမယ့် ကလေးဘဝတုန်းက အခက်အခဲမျိုးစုံကြောင့် သူကျွမ်းကျင်တဲ့ ဆယ်လိုတီးခြင်းကိုစွန့်လွှတ်ခဲ့တယ်..နောက်ပိုင်း ဆိုးလ်မြို့ကနေထွက်ခွာပြီးတော့ သူမရဲ့မွေးရပ်မြေကိုပြန်လာဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ပါတော့တယ်……အွန်ဆော့ (Seo Kang Joon) ဆိုတဲ့ကောင်လေးဟာ ဘွတ်ဟွန်းရွာမှာ ‘ကောင်းသောညချမ်းလေး စာအုပ်ဆိုင်’ ဆိုတဲ့စာအုပ်ဆိုင်အသေးလေးကို ပိုင်ဆိုင်ထားပါတယ်…..စာအုပ်ဖတ်ရင်း ဘလော့ဂ်လုပ်ရင်းနဲ့အချိန်တွေကို ရိုးရှင်းစွာ ကုန်ဆုံးစေတဲ့သူပေါ့…တစ်နေ့မှာတော့ အရွယ်လေးနဲ့မလိုက်အောင် လောကဒဏ်တွေခံနေရပုံပေါ်တဲ့ ဟယ်ဝန်းနဲ့ရွာမှာတွေ့ဆုံခဲ့တယ်…..အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး……