Hymn of Death FHD

Hymn of Death

Drama FHD 2018

ဇာတ်လမ်းကို 1921 မှာအခြေတည်ထားပါ တယ်ကဗျာတွေ ပြဇာတ်တွေကို ခုံမင်တဲ့ကင် အူဂျင်းတစ်ယောက် အင်္ဂလိပ်စာလေ့လာဖို့ကိုယ့်မြေကိုယ့်ရွာကို စွန့်ခွာပြီး တိုင်းတစ်ပါးဂျပန်ပြည်ကိုရောက်နေတာပေါ့ကိုယ့်မြေကိုယ့်ရွာလို့ ယတိပြတ်ဆိုလို့တော့ မရပါဘူးဘာလို့ ဆို ထိုခေတ်အခါက ကိုလိုနီ ဂျပန်ကကိုရီးယားကို သိမ်းယူ ထားတာကိုးကင်အူဂျင်းတစ်ယောက် တက္ကသိုလ်တက်ဖို့ ရောက်နေချိန်မှာပဲအဆိုပညာကို တဖက်ကမ်း ခတ်တတ်မြောက်ဖို့ယွန်ဆင်ဒေါက်ဆိုတဲ့ ကောင်မလေးတစ်ယောက်လဲဂျပန်မှာရောက်နေခဲ့တယ် အဆိုပညာမှာ နဂိုကလဲပါရမီရှိပြီးသားယွန်ဆင်ဒေါက်တစ်ယောက် ကိုယ့်မွေးရပ်မြေဂျိုဆန်မှာ ဖျော်ဖြေဖို့ ကင်အူဂျင်းရဲ့ ကမ်းလှမ်းခံ ခဲ့ရပါတယ်တချိန်ကြရင် ကိုရီးယားနိုင်ငံသမိုင်းမှာ ပထမဆုံးအသံမြင့်အဆိုတော်တစ်ယောက်ဖြစ်လာမယ့် ယွန်ဆင်ဒေါက် နဲ့ ပြဇာတ်တွေ တန်ဖိုးထားတတ်တဲ့ကင်အူဂျင်းတို့ရဲ့ ကြေကွဲဖွယ်တိမ်မြုပ်နေတဲ့ဇာတ်လမ်းလေး ကို ဘယ်လို အသက်ပြန်သွင်းထားမလဲက တော့စိတ်ဝင်စားစရာပါပဲ သမိုင်းကိုအခြေခံပြီး ရိုက်တဲ့ကားမို့လို့တကယ့် history နဲ့ ကွဲလွဲတာတွေရှိမယ်ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲက ထားရှိခဲ့တဲ့သင်္ကေတ တချို့တဝက်ကိုတော့ ခံစားနိုင်ကောင်းပါရဲ့အလွမ်းအဆွေး ကိုရီးယားဇာတ်ကားကိုမင်းသား မင်းသမီးချောချောလေးတွေနဲ့မှကြည့်ချင်တဲ့သူတွေအတွက်လက်မလွှတ် သင့်တဲ့series ပါ ဘာလို့ဆို မင်းသားလေး ကချောလို့ ကျွန်တော်တောင်ကြွေမိပါတယ်

အပိုင်းများ

Season 1