ချမ်းသာတဲ့မိသားစုမှာ မွေးဖွားလာပြီးဖခင်ဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာအပူအပင်ကင်းကင်းနဲ့ စန္ဒရားပညာတစ်ခုတည်းကိုပဲ အာရုံစိုက်သင်ယူခဲ့တဲ့ ဂိုရာရာကံဆိုးစွာနဲ့ပဲ သူမရဲ့မင်္ဂလာပွဲနေ့မှာ ဖခင်သေဆုံးသွားပြီးအိမ်ရဲ့စီးပွားရေးလည်း ဒေဝါလီခံခဲ့ တာကြောင့် မင်္ဂလာပွဲလည်း ပျက်ခဲ့ရပါတယ်။ရာရာ့ရဲ့ မင်္ဂလာဆောင်နေ့မှာအဖြူရောင်သတို့သမီးဝတ်စုံ ကို့ရို့ကားယားနဲ့ပုံကို သတိထားမိသွားတာကတော့အချိန်ပိုင်းအလုပ်တွေလုပ်ရင်သူ့ရဲ့နောက်ကွယ်က အတိတ်တွေကိုဖုံးကွယ်ထားတဲ့ ဆွန်းဝူဂျွန်ဆိုတဲ့ကောင်လေးပဲဖြစ်ပါတယ်။ဒီလိုနဲ့ အခက်အခဲတွေကို အပြုံးမပျက်ရင်ဆိုင်နေတဲ့ ရာရာနဲ့ ဆောင်ဝူဂျွန်တို့ ကျေးလက်ဒေသတစ်ခုမှာ ဆုံတွေ့ကြတဲ့အခါမှာတော့သူတို့၂ဦးဘယ်လိုရှေ့ဆက်ကြမလဲ….. ဆောင်ဂျောင်ဝူရဲ့နောက်ကွယ်က အတိတ်ကရော ဘာတွေဖြစ်လာမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမယ့် ဟာသ melodramaလေးတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲက အတော်လည်းရယ်ရသလို စိတ်လည်းအပန်းပြေတဲ့စီးရီးလေးဖြစ်ပါတယ်…